အဆိုတော် ဟန်ထူးလွင် (ကျားပေါက်) ကို သားအဖြစ်မှ အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာလိုက်တဲ့ အဆိုတော် ရင်ဂို

အဆိုတော် ဟန်ထူးလွင် (ကျားပေါက်) ကို သားအဖြစ်မှ အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာလိုက်တဲ့ အဆိုတော် ရင်ဂို

အဆိုတော် ဟန်ထူးလွင်(ကျားပေါက်)က တော်လှန်ရေးကြီးမှာ ပြည်သူနဲ့အတူ အမှန်တရားဘက်ကရပ်တည်ပြီး လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုမှာ ရဲရဲဝင့်ဝင့်ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

အင်တိုက်အားတိုက် ပြုလုပ်တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။

ဘေးကင်းရာကို ရှောင်တိမ်းပြီး လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေတဲ့ ဟန်ထူးလွင်ကတော့ ရောက်ရာနေရာကနေ တော်လှန်ရေးတိုက်ပွဲဆင်နွှဲနေသူဖြစ်ပါတယ်။

အဆိုတော် ဟန်ထူးလွင်ရဲ့ Ukulele ကို လေလံတင်ရောင်းချရာမှာလည်း မြန်မာငွေ သိန်းခြောက်ရာဝန်းချင်ထိ လေလံအောင်သွားခဲ့တာလည်း ဖြစ်ပါတယ်။

ရရှိသမျှပိုက်ဆံတွေကိုလည်း တစ်ပြားမကျန်လှူဒန်းပေးမှာလို့ အသိပေးထားတာလည်း ဖြစ်ပါတယ်။

ယနေ့မှာတော့ အဆိုတော်ဟန်ထူးလွင်၏ဖခင်ဖြစ်သူ အဆိုတော်ရင်ဂိုမှ သားဖြစ်သူကို အမွေပြတ်စွန့်လွတ်ကြောင်း သတင်းစာထဲမှာ အတိအလင်းကြော်ညာလာတာပဲ ဖြစ်ပါတယ်။

ဖခင်အရင်းမှ အမွေပြတ်စွန့်လွတ်ချင်းကို အဆိုတော်ဟန်ထူးလွင်လည်း စိတ်မကောင်းဖြစ်နေမှာလည်း ဖြစ်ပါတယ်။

ယခုလိုဖခင်အရင်းမှ သားအဖြစ်မှစွန့်လွတ်ခြင်းခံခဲ့ရတဲ့ အဆိုတော်ဟန်ထူးလွင်ကို ပြည်သူတွေကလည်း ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်။

ပြည်သူတွေနဲ့အတူ ‌အဆုံးအစွန်ထိရပ်တည်ခဲ့တဲ့ အဆိုတော်ဟန်ထူးလွင်ကို လေးစားဂုဏ်ယူပြီး ယခင်ကထပ်ပိုပြီး အားပေးသွားကြဖို့ တိုက်တွန်းရင်း ဒီအကြောင်းအရာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *