ဗီဒီယိုလေး တင်လာခဲ့ရာကနေ မထင်မှတ်ဘဲ ဝေဖန်မှုမြှင့်တက်သွားတဲ့ အုပ်စိုးခန့် ရဲ့ဗီဒီယို

ဗီဒီယိုလေး တင်လာခဲ့ရာကနေ မထင်မှတ်ဘဲ ဝေဖန်မှုမြှင့်တက်သွားတဲ့ အုပ်စိုးခန့် ရဲ့ဗီဒီယို

အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုအတန်အသင့်ရရှိနေပြီး နောက်ထပ်လည်း ခြေလှမ်းအသစ်တွေနဲ့ ကြိုးစားနေသူကတော့ အုပ်စိုးခန့်ပဲဖြစ်ပါတယ်နော်..

အဆိုတော် အုပ်စိုးခန့်လို့ဆိုလိုက်တာနဲ့ ပရိတ်သတ်တွေရဲ့ ရင်ကို အသံချိုချို နှင့် တေးသီချင်းကောင်းများဖြင့် ဆွဲဆောင်ထားတဲ့ တေးသံရှင်တစ်ဦးလို့ အသိအမှတ်ပြုထားကြတာဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ သူ့ရဲ့ ပျော်ပျော်နေတတ်ပြီး သူချစ်ခင်တန်ဖိုးထားရတဲ့မိသားစုဝင်တွေကို စနောက်တတ်တဲ့ အကျင့်တွေကြောင့် ပရိတ်သတ်တွေအနေနဲ့ ပိုပြီး သတိထားမိနေကြတာဖြစ်ပါတယ်။

အုပ်စိုးခန့်ကတော့ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေကြားထဲမှာလည်း ပြည်သူများနဲ့အတူ ရပ်တည်ခဲ့သူပဲ ဖြစ်ပါတယ်နော်.. အုပ်စိုးခန့်က သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်နဲ့အဆက်ပြတ်မသွားစေသူပဲ ဖြစ်ပါတယ်။

အုပ်စိုးခန့်က ဖေ့ဘုတ်စာမျက်နှာထက်မှာတော့ သူ့ရဲ့လှုပ်ရှားမှုတွေကို တင်လေ့မရှိတော့ဘဲ Instagram နဲ့ Tiktok မှာတော့ တင်ပေးလေ့ရှိပါတယ်နော်..

ဒီနေ့မှာလည်း အုပ်စိုးခန့်က လူငယ်ပီပီ ဆော့ထားတဲ့ ဗီဒီယိုလေးတစ်ပုဒ်ကို တင်ပေးလာရာကနေ အောက်က ကောမန့်တွေကြောင့် ပွဲဆူသွားခဲ့တာဖြစ်ပါတယ်နော်..

သက်တူရွယ်တူလူငယ်တွေက တောထဲမှာ‌ တိုင်းပြည်အတွက် ကြိုးစားနေချိန်မှာ ပေါ့ပေါ့ပါးပါးဆော့နိုင်တာ လိပ်ပြာလုံရဲ့လားဆိုတဲ့ မေးခွန်းတွေအပါအဝင် အခြား အမြင်မတူတဲ့ ကောမန့်များစွာနဲ့‌ဝေဖန်ခံနေရတာ ဖြစ်ပါတယ်နော်.. ပရိသတ်ကြီးလည်း အုပ်စိုးခန့်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီး ဝေဖန်ပေးကြပါအုံးနော်….

Leave a Reply

Your email address will not be published. Required fields are marked *