အိမ်အလုပ်မလုပ်တော့ပဲ တစ်နေကုန်တစ်နေခန်း Tik Tokဆော့ရင်း အချိန်ကုန်နေတတ်သော ဇနီးဖြစ်သူအား အပြစ်ပေးသည့်အနေနှင့် ခြေထောက်အားသံကြိုးချည်ထားပစ်ခဲ့သည့် အမျိုးသား

ယနေ့ခေတ်တွင် လူတိုင်းနီးပါး ဖုန်းကိုယ်စီရှိကြရာ တစ်နေ့တစ်နေ့ ဖုန်းသုံးရင်းနဲ့သာ ကုန်ဆုံးပြီး အခြားသောအရာများကိုကျ ဂရုစိုက်ခြင်းမရှိတော့ပေ။

သို့ဖြစ်၍ အင်ဒိုနီးရှားနိုင်ငံမှ အိမ်ထောင်သည်အမျိုးသမီးတစ်ဦးသည် ခင်ပွန်းဖြစ်သူအလုပ်သွားပြီး ပင်ပင်ပန်းပန်းနဲ့ပြန်လာချိန်ထိ ဖုန်းနဲ့မျက်နှာမခွာပဲ ရှိခဲ့ရာ အိမ်အလုပ်တွေလည်း မလုပ်ပဲနေခဲ့သည်။

ခင်ပွန်းဖြစ်သူသည် အစပိုင်းတွင် ဇနီးဖြစ်သူအား ချစ်လွန်း၍ အလိုလိုက်ထားကာ ဘားမှမပြောခဲ့သော်လည်း ဇနီးဖြစ်သူသည် တစ်နေ့တခြား ပိုပိုဆိုးလာကာ နေ့တိုင်းTik Tokဆော့ရင်းနဲ့ပင် အချိန်ကုန်နေခဲ့ရာ ထမင်းဟင်းလည်း ထမချက်တော့ပါ။

ထို့ကြောင့် ခင်ပွန်းဖြစ်သူသည် မှတ်လောက်သားလောက်အာင်ဆိုပြီး ဖုန်းသိမ်းကာ ခြေထောက်ကို သံကြိုးနဲ့ချည်၍ ထိုင်ခုံမှာ သော့ခတ်ထားခဲ့ရာ ထိုအဖြစ်သည် လူမှုကွန်ယက်တွင် ချက်ချင်းပျံ့နှံ့သွားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *