မိခင်ဖြစ်သူရဲ့အုတ်ဂူရှေ့လေးတွင် သွားရောက်ပြီး အတန်းထဲ၌ ပထမဆုရရှိခဲ့ကြောင်းနှင့် ရရှိခဲ့သည့်အမှတ်လေးတွေကို မျက်ရည်တွေကျရင်း ဖတ်ပြခဲ့သော သနားစရာကလေးမလေး

မလေးရှားနိုင်ငံမှ အသက်၁၂နှစ်အရွယ် ကလေးမလေးတစ်ဦးသည် ငယ်စဥ်တည်းက ဖခင်ဖြစ်သူကအိမ်ကနေ ထွက်သွားခဲ့ပြီး မိခင်ဖြစ်သူကလည်း ရောဂါအခံရှိ၍ ဆုံးပါးသွားခဲ့ရာ လက်ရှိတွင် အဖွားဖြစ်သူနှင့်နေထိုင်ခဲ့ရသည်။

ကလေးမလေးသည် အဖွားဖြစ်သူရဲ့ ထောက်ပံ့ပေးမှုကြောင့် ကျောင်းနေခဲ့ရပြီး ၆တန်းစာမေးပွဲဖြေဆိုသောအခါ ကလေးမလေးဧ။်ကြိုးစားအားထုတ်မှုကြောင့် အတန်းထဲတွင် ပထမအဆင့်ကို ရရှိခဲ့သော်လည်း မပျော်ရပဲ ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်ဖြစ်သူကိုသာ လွမ်းဆွတ်သတိရနေမိခဲ့သည်။

ထို့ကြောင့် ကလေးမလေးသည် မိခင်ဖြစ်သူရဲ့ အုတ်ဂူလေးရှိရာသို့ ဝမ်းနည်းစွာ လာရောက်ကာ သူမကအတန်းထဲတွင် အတော်ဆုံးဖြစ်ကြောင်းနှင့် စာမေးပွဲမှရရှိသော အမှတ်တို့ကို မျက်ရည်လေးတွေ ပါးပြင်ပေါ်မှာ အဆက်မပြတ်ကျရင်း ရွတ်ပြနေခဲ့သည်။

ထိုအဖြစ်ကို မြင်တွေ့သူများမှ ကလေးမလေးဧ။်မိခင်ဖြစ်သူမှာ သမီးလေးရဲ့အောင်မြင်မှုတွေကို မကြားနိုင် မမြင်နိုင်တော့ပဲ ချီးမွမ်းတာမျိုးလည်းမခံရတော့ပေမယ့် အားလုံးက ကလေးမလေးအား ချီးကျူးကာ ဂုဏ်ပြုခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *