ဒီကနေ့မှာကျရောက်တဲ့ အသက်(၆၄)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် သာသနာ့ဘောင်ထဲသို့ဝင်ရောက်ခဲ့တဲ့ ဦးအောင်ခိုင်

ပရိသတ်ကြီးရေ ဦးအောင်ခိုင်ကတော့ ပရိသတ်တွေရဲ့ အား ပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်တွေရဲ့အချစ်တော် ဝါရင့်သရုပ်ဆောင် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ဆယ်ဆုနှစ်နှစ်ခုလောက်ကတည်းကနေ အခုချိန်ထိ အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီး ပရိသတ်အခိုင် အမာရရှိထားတဲ့ အနုပညာရှင်ကြီးဆိုလည်း မမှားပါဘူး။

ဒီနေ့မှာတော့ ပရိသတ်တွေရဲ့အချစ်တော် ဦးအောင်ခိုင်ကတော့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။

ဦးအောင်ခိုင်ကတော့ ဒီနေ့ နိုဝင်ဘာလ (၇)ရက်နေ့မှာ ရန်ကုန်မြို့၊ တာမွေမြို့နယ် အလိုတော်ပြည့် ကျောင်းတိုက်မှာ သူ့ရဲ့အသက် (၆၄)နှစ်ပြည့် မွေးနေ ့အထိမ်းအမှတ်အနေနဲ့ သာသနာ့ဘောင်ကိုဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ဦးအောင်ခိုင်ကတော့ သူ့ရဲ့အသက် (၆၄)နှစ်ပြည့်မွေးနေ့လေးအတွက် သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တာကတော့ တကယ့်ကို မွန်မြတ်လှတဲ့ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ခဲ့တာပါပဲနော်။

ပရိသတ်ကြီးရေ ဦးအောင်ခိုင်အတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးရင်း မွန်မြတ်လှတဲ့ မွေးနေ့ကု သိုလ်လေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *