မိမိသည် ဒလန်မဟုတ်ကြောင်း ကိုယ်တိုင် ရွာထဲမိုက်ကိုင်ကာ ကြေငြာနေတဲ့ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးဟောင်း ဦးရဲထွန်း (ရုပ်/သံ)

ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးဟောင်း ဦးရဲထွန်းက ဒလန်မဟုတ်ကြောင်း ၎င်းကိုယ်တိုင် ရွာထဲ မိုက်ကိုင် ကြေငြာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်း ရုံးပင်ကုန်းကျေးရွာနေ ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးဟောင်း ဦးရဲထွန်းသည် ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်း အဖွဲ့၏ စောင့်ကြည့်ခြင်းကို ခံနေရပြီးနောက် ရွာအတွင်း မိုက်ကိုင်ကာ ၎င်းသည် ဒလန်မဟုတ်ကြောင်းကို ကြေငြာနေသည်ကို တွေ့ရသည်။

ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်း အဖွဲ့က ဒလန်ဟု နာမည်ထွက်နေသည့် ဦးရဲထွန်းအား ရှင်းလင်းရန် စောင့်ကြည့်နေသည်မှာ (၅)ရက်ရှိပြီဟု သိရပြီး ယခုလို ရိုးသားစွာ အလင်းဝင်လာသည့်အတွက်များစွာကျေးဇူးတင် ပီတိဖြစ်ကြောင်း ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်း အဖွဲ့၏ ခေါင်းဆောင် ဗိုလ်နဂါးက ပြောကြောင်း ဒေသအခြေပြု ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေး ဖော်ပြထားသည်။

ဝက်လက်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲတို့၏ လက်ပါးစေများအားလုံး မိမိအသိစိတ်ဖြင့် ပြည်သူများထံ ယခုလို အလင်းမဝင်ပါက ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်း အဖွဲ့က ရှင်းလင်းမည်ဟု အသိပေးထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *