လမ်းဘေးတွင် မိဘရင်းတွေရဲ့ စွန့်ပစ်ခြင်းခံရကာ ခေါ်ယူမွေးစားပြီး ပညာတတ်ကြီးဖြစ်သည်ထိ ပြုစုပျိုးထောင်ပေးခဲ့သော မိခင်သစ်အား ကျေးဇူးပြန်ဆပ်လိုက်သည့် သမီးလိမ္မာလေး

လမ်းဘေးတွင် မိဘရင်းတွေရဲ့ စွန့်ပစ်ခြင်းခံရကာ ခေါ်ယူမွေးစားပြီး ပညာတတ်ကြီးဖြစ်သည်ထိ ပြုစုပျိုးထောင်ပေးခဲ့သော မိခင်သစ်အား ကျေးဇူးပြန်ဆပ်လိုက်သည့် သမီးလိမ္မာလေး

တရုတ်နိုင်ငံမှ အသက်၇၄နှစ်အရွယ် အဖွားအိုတစ်ဦးသည် အိမ်ထောင်ကျပြီး၍ နှစ်အတော်ကြာသည်ထိ ကလေးမရနိုင်ပဲရှိရာ စိတ်ညစ်နေရချိန် စားဝတ်နေရေးအတွက် လမ်းဘေးတွင် အမှိုက်လိုက်ကောက်နေရင်း မွေးကင်းစကလေးငယ်လေးတစ်ဦးကို တွေ့ရှိခဲ့၍ အင်မတန်မှ ဝမ်းသာသွားခဲ့ရသည်။

အဖွားအိုလည်း အမှိုက်ကိုဆက်မကောက်တော့ပဲ ပျော်လွန်း၍ ကလေးလေးအား အိမ်သို့ခေါ်ပြန်ခဲ့ပြီး မွေးစားခဲ့ရာ သမီးလေး၇နှစ်အရွယ်တွင် ခင်ပွန်းဖြစ်သူမှာ ဆုံးပါးသွားခဲ့သည်။

အဖွားအိုလည်း သူတို့ရဲ့သွေးသားရင်းချာလို ချစ်ရသော သမီးလေးအား ပညာတတ်ဘွဲ့ရသည်ထိ ကျောင်းထားပေးခဲ့ပြီး သမီးလေးမှ ရှေ့ရေးတိုးတက်ကြီးပွားရန်အတွက် မြို့ထဲတွင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြန်၍ တစ်ယောက်တည်း ကျန်နေခဲ့ရသည်။

သမီးလေးသည် ၂၇နှစ်အရွယ် ရောက်သောအခါ သူမရဲ့မွေးစားမိခင်အတွက် တိုက်အိမ်သစ်ကြီးတစ်လုံးကို ဆောက်လုပ်ပေးခဲ့ပြီး စားဝတ်နေရေးအတွက်လည်း ပူပင်စရာမလိုအောင် ထောက်ပံ့ပေးခဲ့သော်လည်း အဖွားအိုမှ အနားမယူသေး၍ လမ်းဘေးတွင် အမှိုက်လိုက်ကောက်နေဆဲဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *