ချောက်ကမ်းပါးမှာ နှစ် ၃၀ တစ်ခါ ကျောက်ဥတွေ ဥတယ်ဆိုတဲ့ ရွာလေး

တ ရု.တ်နိုင်ငံ၊ Qiannan Buyei နဲ့ Miao Autonomous ဒေသအတွင်းမှာတည်ရှိတဲ့ ကျောက်တောင်တစ်ခုမှာ မည်သည့် အကြောင်းကြောင့် ဖြစ်ပေါ်နေတယ်ဆိုတာမသိရသေးတဲ့ ဥသဏ္ဍာန် ကျောက်တုန်းကြီးတွေ ဖြစ်တည်နေပါတယ်။

အဆိုပါ ကျောက်လုံးကြီးတွေဟာ အတော်အတန် ကြီးမားပြီး၊ ပြောင်ချောနေကြောင်း The Sun က ဆိုပါတယ်။ ဒေသခံတွေရဲ့အဆိုအရ အဲဒီ ကျောက်လုံးကြီးတွေဟာချောက်ကမ်းပါးမှ ရွာဆီကို လိမ့်လိမ့်ကျလာတာမျိုးတောင် ရှိလို့ အ.န္တရာ ယ်လည်း ရှိတယ်လို့ သိရပါတယ်။

တော်တော်များများကတော့ ကျောက်လုံးကြီးတွေဟာ ကျောက်တောင်ရဲ့ အသားထဲမှာ မြှုပ်ဝင်နေဆဲပါ။ ဘူမိပညာရှင်တွေကတော့ ဒီကျောက်လုံးကြီးတွေကိုစမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး၊ ဖြေရှင်းချက်တော့ မထုတ်ပြန်နိုင်သေးပါဘူး။

ဒေသခံတွေကတော့ ကျောက်တောင်ကနေ ကျောက်ဥတွေ ဥတာလို့ ယူဆနေပါတယ်။ သူတို့ အဆိုအရ ကျောက်တောင်ကြီးဟာ နှစ် 30 မှာ တစ်ခါ ကျောက်ဥတွေ ဥလေ့ရှိတယ်လို့ ယုံကြည်နေကြပါတယ်။

ဒီကျောက်တုံးတွေကို ရွာသားတွေက ယူလာလေ့ရှိကြပြီး၊ သူတို့အတွက် ကံကောင်းစေတဲ့ အဆောင်တွေလို့ ယုံကြည်ကြပါတယ်။ ကျောက်လုံးတွေ ဥတဲ့တောင်ကို Chan D Ya လို့ ခေါ်တွင်ပြီး၊ “Egg-producing cliff” လို့ အဓိပ္ပါယ်ရပါတယ်။

လောလောဆယ် ဘူမိဘက်က တွေ့ရှိမှုအရ ဒီကျောက်တုံးတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း 500 လောက်ကတည်းက ဖြစ်တည်ခဲ့တာလို့ ဆိုပါတယ်။

ကမ်ဘရီယံဘူမိခေတ်ကတည်း ဖြစ်တည်ခဲ့ပြီး ဒီကျောက်တောင်တွေဟာ Mount Gandeng ရဲ့ တောင်ကွဲတွေ ဖြစ်ကြပြီးတစ်ချို့နိုင်ငံတွေမှာလည်း ဒီလိုပုံစံတောင်မျိုး ရှိကြောင်းဆိုပါတယ်။

ဒါပေမယ့် ဘယ်လိုလုပ် ဒီလို ကျောက်လုံးတွေ ဖြစ်နေတယ်ဆိုတာကိုတော့ သူတို့လည်း စမ်းသပ်နေဆဲပါ။ အခု ကျောက်လုံးတွေတည်ရှိရာ ချောက်ကမ်းပါးဟာ 20 မီတာ ရှည်ပြီး၊ 6 မီတာ အမြင့်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *