မုန်တိုင်းကြောင့် ပိတ်မိနေတဲ့ကြက်များနှင့် ခွေးလေးတွေကို အသက်နဲ့ရင်းပြီးကယ်ထုတ်ပေးနေခဲ့တဲ့ မသန်စွမ်းသူကောင်လေးတစ်ဦး

မက္ကဆီကိုနိုင်ငံ Nayarit မြို့မှနေထိုင်သူထောင်ပေါင်းများစွာဟာ ယမန်နှစ်မှာတိုက်ခိုက်ခဲ့တဲ့ ကြီးမားတဲ့ Hurricane မုန်တိုင်းများကြောင့် ဘေးကင်းရာနေရာသို့ခိုလှုံရန် ထိုမြို့မှထွက်ခွါဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

ဒါပေမဲ့ အသက် ၁၀ နှစ်အရွယ် Jostyn Dilan Cabrera Ramírez အမည်ရှိကောင်လေးတစ်ဦးဟာ ရေလွှမ်းမိုးမှုအတွင်း ပိတ်မိနေတဲ့တိရိစ္ဆာန်များကိုလျစ်လျူရှုမထားနိုင်တာကြောင့် မြို့မှာနေရစ်ခဲ့ပြီး ထိုတိရိစ္ဆာန်များကိုကယ်ဆယ်ဖို့ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။

အင်တာနက်ပေါ်မှာပျံ့နှံ့သွားခဲ့တဲ့ဓာတ်ပုံအများအပြားမှ ရေလွှမ်းမိုးနေစဉ် ပလတ်စတစ်စည်ပိုင်းဗုံးကြီးတစ်ခုအတွင်းမှာ ကြက်နှင့် ခွေးလေးတွေကိုအကာအကွယ်ပေးနေတဲ့ ကိုယ်ကျိုးမဖက်တဲ့ထိုကောင်လေးရဲ့ဓာတ်ပုံများကို သင်မြင်တွေ့နိုင်ပါတယ်။

ထိုကောင်လေးဟာ သူ့ရဲ့လက်တစ်ဖက်ကို စည်ပိုင်းပေါ်တင်ပြီး သူ့ခြေကျင်းဝတ်အထိအမြင့်ရှိတဲ့ရေတွေကြား ကိုယ့်ကိုကိုယ်ထိန်းချုပ်ပြီး လမ်းလျှောက်သွားခဲ့တာဘဲဖြစ်ပါတယ်။

ထိုကောင်လေးဟာ ရေလွှမ်းမိုးမှုအတွင်း ပိတ်မိနေတဲ့ ခွေးလေးခြောက်ကောင်နှင့် ကြက်နှစ်ကောင်တို့ကိုကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့အားလုံးမှာ သူ့အိမ်နီးနားချင်းများရဲ့အိမ်မွေးတိရိစ္ဆာန်လေးတွေဘဲဖြစ်ပါတယ်။

အဆိုပါကောင်လေး လမ်းလျှောက်နေတာကိုကြည့်ခြင်းအားဖြင့် သူ့မှာ မသန်စွမ်းမှုတစ်ခုရှိနေတယ်လို့ Sopitas သတင်းရဲ့အဆိုအရ သိရှိရပါတယ်။

Jostyn ဟာ မသန်စွမ်းပေမဲ့လည်း၊ တိရိစ္ဆာန်အားလုံးအား Hurricane မုန်တိုင်းဒဏ်မှခြောက်သွေ့တဲ့နေရာသို့ပို့ဆောင်ပေးရန် လိုလားနေဆဲဖြစ်ပါတယ်။

သူ့ရဲ့ကိုယ်ကျိုးမဖက်ဘဲ ကြင်နာတတ်တဲ့ အပြုအမူကြောင့် TRAC Sinaloa က Jostyn ကို နောက်ပိုင်းမှာခြေရာခံခဲ့ပြီး တိရိစ္ဆာန်များနှင့် သူ့အတွက် အစားအသောက်တချို့ကို သွားရောက် လှူဒါန်းပေးခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *