တန်ဆောင်မုန်းလ အတွက် အကောင်းဆုံးယတြာ

တန်ဆောင်မုန်းလ အတွက် အကောင်းဆုံးယတြာ

တန်ဆောင်မုန်းလအတွက် အကောင်းဆုံးယတြာ(4.11.2021) မှ (3.12.2021)တစ်လတာလုံး

“ပန်းကန်ပြား တစ်ချပ်ပေါ်တွင် ငွေကျပ် ၁၀၀တန်(သို့) ၁၀၀၀ကျပ်တန် တစ်ရွက်ကို ဖြန်ခင်းလိုက်ပါ။ ပြီးလျှင်ထိုပိုက်ဆံပေါ်တွင် ဖန်ခွက် ဖြစ်စေ ပန်းအိုးအသေးသာဖြစ်စေ တင်၍ ရေသန့်ဖြည့်၍

သပြေညွန့်(၅)ခက် ကို ဖန်ခွက်ထဲတွင် ထိုးလိုက်ပါ။ထိုနောက် ပန်းကန်ပြား၏ ဘေးပတ်လည်တွေ ဆီ၊ဆား မပါဝင်သော လက်ဖက်အစိုများကို ဝိုက်ထည့်ပေးလိုက်ပါ ခင်ဗျ။

ဤယတြာကို ဘုရားကျောင်းဆောင် ပေါ်သို့တင်၍ မြတ်စွာဘုရားရှင်အား‌ လှူဒါန်းပေး‌ထားရပါမည်။

ယခုလတစ်လတာတွင် ‌လိမ္မော်ရည်တစ်ခွက် စီကို နေ့စဥ်မြတ်စွာဘုရားရှင်အားကပ်ပေးနေခြင်းဖြင့်လည်း မိမိအတွက်ထူးခြားမှူဖြစ်စဥ်များကောင်းကျိုးများစွာ ကို ရရှိခံစားရမည်ဖြစ်သည်။

ကံချေကန်တော့ခြင်းကို လုပ်ဆောင်ဖို့ရန် မမေ့ပါနှင့်။
နေ့စဥ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။

ဣတိပိသောဘဂဝါ လောကဝိဒူ =၁၉ခေါက်
ဣတိပိသောဘဂဝါ ဗု‌ဒ္ဓေါ =၆ခေါက်
ဣတိပိသောဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော =၁၇ခေါက်

‌တန်‌ဆောင်မုန်းလနေ့စဥ်လာဘ်ပွင့်အရပ်မျက်နှာများ

တနင်္ဂနွေနေ့=မြောက်အရပ်
တနင်္လာနေ့=တောင်အရပ်
အင်္ဂါနေ့=အရှေ့အရပ်
ဗုဒ္ဓဟူးနေ့=အ‌နောက်အရပ်
ကြာသပတေးနေ့=အရှေ့အရပ်
သောကြာနေ့=မြောက်အရပ်
စနေနေ့=တောင်အရပ်

အထက်ပါအတိုင်းနေ့အလိုက်နေ့စဥ်အရပ်မျက်နှာမူ ဧဟိလာဘံ ဟူ၍ (၂၇)ခေါက်တိတိရွတ်ပေးရပါမည်။

ဆုတောင်းစာ

“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး ယခုတန်ဆောင်မုန်းလတစ်လတာတွင် ကိုယ်ရောကျန်းမာ၊ စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီး

ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်‌၍စီးပွားလာဘ် လာဘ တိုးတက်အဆင်ပြေရပါလို၏။”

ဤယတြာအစီအရင်ကို သုံးရက်လျှင် တစ်ကြိမ်စီ အထက်ပါနည်းအတိုင်း သတိတရလေးနှင့် တိကျစွာ ပြန်လည်၍ပြုလုပ်ပေးနေခြင်းဖြင့်တန်‌ ဆောင်မုန်းလ အတွင်း ကံကောင်းခြင်းများ ရယူပိုင်ဆိုင်လိုက်ပါဗျ။

ယတြာပြုလုပ်ပြီး ‌ပိုက်ဆံငွေသားကို မရှိနွမ်းပါးသူ တစ်ဦးအား လှူဒါန်း၍ ကု သိုလ် ယူလိုက်ပါ ခင်ဗျ။

နိုင်ငံရပ်ခြား မိတ်ဆွေများ ယတြာလုပ် ဆောင်ရာ၌ အသုံးပြုရမည့်ပိုက်ဆံကို မိမိလက်ရှိနေထိုင်နေသော နိုင်ငံမှ ပိုက်ဆံများပေါ်တွင် “၁”ဂဏန်း ပါဝင်သော ပိုက်ဆံနှင့် ယတြာကို သေချာ ပြုလုပ်နိုင်ပါတယ်ဗျ။

ဤယတြာကို တန်ဆောင်မုန်းလ တစ်လတာလုံး၌ မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်သည်။

ဤယတြာအစီအရင်သည်အလွန်အစွမ်းထက်ထိရောက်သော ကြောင့်ယုံယုံကြည်ကြည်လုပ်ပါက တန်ဆောင်မုန်းလတစ်လတာလုံးအတွင်း၌မိမိသည် အတိုက်အခိုက် အနှောင့်အယှက်များ ကင်းဝေးစေ၍ စီးပွားလာဘ်ရွှင် သုခချမ်းသာခြင်းများ ရရှိပါမည်။

ဆရာဦးမင်းနိုင် နှင့်တကွ သင်ဆရာ၊မြင်ဆရာ၊ ကြားဆရာများကို အစဉ် လေးစားဦးခိုက်နေလျက်။
ယုံကြည် အားကိုး ဆန္ဒရှိသူများအတွက် ဗေဒင်နှင့်အထူးယတြာပေးပညာရှင် ဆရာပေါက်ကျိုင်း 09776478912

Leave a Reply

Your email address will not be published. Required fields are marked *