သွားလာရ အဆင်မပြေ ဖြစ်နေတဲ့ ဒေသခံတွေရဲ့ အခက်အခဲကို အကောင်းဆုံး ဖြေရှင်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

သွားလာရ အဆင်မပြေ ဖြစ်နေတဲ့ ဒေသခံတွေရဲ့ အခက်အခဲကို အကောင်းဆုံး ဖြေရှင်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

ပရဟိတအလုပ်တွေနဲ့ ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုကို များစွာရရှိထားတဲ့ ခိုင်နှင်းဝေကတော့ လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေက မိဘမဲ့ဂေဟာကိုလည်း ဦးစီးနေတဲ့အပြင် လတ်တလော ပြည်သူတွေ ကြုံတွေ့နေရတဲ့စားဝတ်နေရေးအခက်အခဲနဲ့ အခြားသော အခက် အခဲတွေကိုပါ စိတ်အားတက်ကြွစွာနဲ့ပါဝင် ကူညီပေးနေတာကို တွေ့ရပါတယ်။

ခိုင်နှင်းဝေက ပရဟိတအလုပ်တွေကို တတ်နိုင်သရွေ့ လုပ်ကိုင်နေသူဖြစ်ကာ သူမရဲ့ပရဟိတ အဖွဲ့အစည်းကိုလည်း အလှူငွေ လာရောက်လှူဒါန်းကြတဲ့ သူတွေလည်း အများအပြားရှိပါတယ်။ အခုလည်း ရေတွေဝပ်ကာ ဒေသခံတွေ သွားလာရ အတော်လေး ခက်ခဲနေတဲ့ နေရာလေးကို တံတားလေး ဆောက်လုပ်ကာ လှူဒါန်းပေးခဲ့ပြန်ပါတယ်။

ဒီလို လှူဒါန်းပေးဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း ” သေနေ့ကိုတောင် ရွေ့စေနိုင်တဲ့ အသက်ရှည်ခြင်း အကျိုးတရားများကို ရည်မှန်း၍ တံတားများ ဆောက်လုပ်လှူဒါန်းခြင်းကို ခုနှစ်ရက် သားသမီး အလှူရှင်များနှင့် စုပေါင်း၍ တတ်နိုင်သလောက် လှူဒါန်းဖြစ်ပါတယ်ရှင်…

မြင်သမျှကြားသမျှ ခုနှစ်ရက် သားသမီးများ အားလုံး အကျိုးတရားများကို စိတ်မှာ ရည်မှတ်၍ သာဓု သာဓု ခေါ်ဆိုပေးကြပါရှင်” ရေးသားထားရာ လေးစားမိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *