အနုပညာဗီဇာတွေ အပြည့်ပဲဆိုတာ သက်သေပြလာပြီဖြစ်တဲ့ စစ်လွန်း၀တီထက်

အနုပညာဗီဇာတွေ အပြည့်ပဲဆိုတာ သက်သေပြလာပြီဖြစ်တဲံ စစ်လွန်း၀တီထက်

စစ်လွန်းဝတီထက်လေးကတော့ ဖေဖေ စိုင်းလွှမ်းနဲ့ မေမေ ထက်ထက်မိုးဦးတို့ရဲ့ တစ်ဦးတည်းသော သမီးလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မေမေထက်ထက်ကို ချစ်ခဲ့သလိုမျိုး စစ်လွန်းလေး ရှိလာပြန်တော့လည်း စစ်လွန်းလေးကို ချစ်ပြီးအားပေးခဲ့ကြသူတွေပါ။ခုချိန်မှာတော့ လူကြီးတွေရဲ့ အဆင်မပြေမှုတွေကြောင့် စစ်လွန်းလေးက ဖေဖေနဲ့ပဲအတူနေထိုင်နေတာ ဖြစ်ပါတယ်။

ဖေဖေစိုင်းလွှမ်းကလည်း သမီးလေးရဲ့ပုံလေးတွေကို အမြဲတင်ပေးနေကျဖြစ်ပြီး ချစ်မွေးပါတဲ့ စစ်လွန်းလေးက မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုလေးနဲ့ ပြည့်စုံတဲ့သူလေးလို့ဆိုရလောက်အောင်ကို အပြုံးလေးတွေက အရမ်းကို Sweet ဖြစ်နေတာကြောင့် သူမမှာလည်း ချစ်တဲ့ပရိသတ်ကအများအပြားပဲဖြစ်ပါတယ်။

သမီးလေး စစ်လွန်းဝတီထက်ဟာ မိခင်နဲ့ အတူ မနေရပေမယ့်လည်းဖခင်ရဲ့ ဆိုဆုံးမမှုတွေအောက်မှာ အရမ်းကို လိမ္မာလွန်းတဲ့ သမီးလေးအဖြစ် ရှိနေပါတယ်နော်။

အသက်ငယ်ပေသော်ငြားလည်း ဘာသာရေးအလုပ်တွေကို နေ့စဉ်ပြုလုပ်ပြီးလူကြီးမိဘတွေကို ရိုသေလွန်းတဲ့ ကလေးတစ်ယောက်ပါနော်။ သူမကတော့ မိခင်ဖြစ်သူနဲ့ ဖခင်ဖြစ်သူတို့ရဲ့အနုပညာသွေးတွေကတော့ စီးဆင်းနေတာသေချာပါပဲနော်..

စစ်လွန်းလေးက ငယ်စဉ်ကတည်းက ကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးနေပြီး ခုချ်န်မှာလည်း သူမက သီချင်းသံကြားတာနဲ့ ချစ်စရာကောင်းတဲ့ကကွက်လေးတွေနဲ့ ဗီဒီယိုလေးကို ဖေဖေက တင်ပေးလာတာ ဖြစ်ပါတယ်နော်..

သူမကိုချစ်တဲ့ ပရိသတ်တွေကတော့ ချစ်စရာကောင်းတဲ့ ကောမန့်လေးတွေနဲ့ အားပေးစကားပြောပေးထားကြပါတယ်နော်.. ပရိသတ်ကြီးလည်း စစ်လွန်းလေးရဲ့ ကကွက်လေးကို ကြည့်ပြီးအားပေးစကားပြောပေးကြပါအုံးနော်…

Leave a Reply

Your email address will not be published. Required fields are marked *