ချစ်စရာကောင်းတဲ့ ကကွက်ဆန်းလေးနဲ့ က ပြလာခဲ့တဲ့ စံထိပ်ထားဦး

ချစ်စရာကောင်းတဲ့ ကကွက်ဆန်းလေးနဲ့ က ပြလာခဲ့တဲ့ စံထိပ်ထားဦး

မင်းသမီးချော ခိုင်သင်းကြည်ကတော့ အနုပညာသက်တမ်းတစ်လျှောက်မှာ နာမည်ပျက်မရှိဘဲ ရပ်တည်လာခဲ့တဲ့မင်းသမီးချော တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကိုချစ်တဲ့ပရိသတ်တွေကလည်း သူမရဲ့တစ်ဦးတည်းသောသမီးလေးဖြစ်သူ စံထပ်ထားဦးကိုလည်းသူမနည်းတူချစ်ပေးကြတာဖြစ်ပါတယ်။

မေမေခိုင်သင်းကြည်ကလည်း အသက်ကြီးလာတာနဲ့အမျှ သမီးလေးနဲ့အတူ ညီအစ်မတွေလို့ ထင်ရက်ရအောင် လှပလွန်းနေသူဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက ပရိသတ်တွေနဲ့မစိမ်းတဲ့ သူမရဲ့သမီးလေးကတော့ ခုဆိုရင်ဆယ်ကျော်သက်အရွယ်လေးဖြစ်လို့ လှသွေးကြွယ်နေပါပြီနော.်…ထိပ်ထိပ်လေးက လိမ္မာယဉ်ကျေးမှုရှိပြီး ပညာရေးမှာလည်း ထူးချွန်သူဖြစ်တာကြောင့် မေမေခိုင်သင်းကြည်နဲ့ ဖေဖေခန့်နိုင်တို့က ဂုဏ်ယူနေရတာဖြစ်ပါတယ်။

ခုရက်ပိုင်းမှာလည်း ထိပ်ထိပ်လေးက မေမေနဲ့အတူ တစ်တော့တွေလည်း တွဲဆော့နေတာကြောင့် သူမရဲ့ပရိသတ်တွေက ပိုပြီးများပြားလာနေပြီဖြစ်ပါတယ်။

ထိပ်ထိပ်လေးကရုပ်ရှင်ရိုက်ကူးမှုတွေ မရှိသေးပေမယ့် အမေ့ရဲ့ သင်ကြားပြသပေးမှု တွေကြောင့် အိုက်တင်ပိုင်းမှာ ကွက်တိကျအောင်သရုပ်ဆောင် တတ်နေပါပြီး မေမေဖြစ်သူနဲ့အတူ အပြိုင်လှပနေတာဖြစ်ပါတယ်။

ဒီနေ့မှာလည်း ထိပ်ထိပ်လေးက သူမရဲ့ချစ်စရာကောင်းတဲ့ကကွက်လေးနဲ့ ဗီဒီယိုလေးတစ်ခုကို တင်လာခဲ့တာ ဖြစ်ပါတယ်နော်….သူမ တင်ထားတဲ့ ဗီဒီယိုအောက်မှာတော့ သူမကိုချစ်ကြတဲ့ ပရိသတ်တွေက ကောမန့်တွေပေးပြီးချစ်ကြောင်းလေးတွေရေးသားထားခဲ့ကြပါသေးတယ်။

ခိုင်သင်းကြည်မို့ မိသားစုကိုချစ်ကြတဲ့ ပရိသတ်ကြီးလည်း ထိပ်ထိပ်လေးရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးတွေကိုကြည့်ပြီး တစ်ခုခုပြောပေးသွားကြပါအုံးနော်…

Leave a Reply

Your email address will not be published. Required fields are marked *