စင်္ကာပူနိုင်ငံသို့ သူနာပြုဆရာမလေးအဖြစ် သွားရောက်လုပ်ကိုင်စဉ် ရောဂါကာလကြောင့် မိသားစုနဲ့၅နှစ်တာလုံး ခွဲခွာခဲ့ရပြီး ပြန်လာရချိန်မှာတော့ ဝမ်းသာလွန်း၍ မျက်ရည်တွေပါကျခဲ့သော မိန်းကလေး

စင်္ကာပူနိုင်ငံသို့ သူနာပြုဆရာမလေးအဖြစ် သွားရောက်လုပ်ကိုင်စဥ် ရောဂါကာလကြောင့် မိသားစုနဲ့၅နှစ်တာလုံး ခွဲခွာခဲ့ရပြီး ပြန်လာရချိန်မှာတော့ ဝမ်းသာလွန်း၍ မျက်ရည်တွေပါကျခဲ့သော မိန်းကလေး

မလေးရှားနိုင်ငံမှ အသက်၂၆နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဝင်ငွေရှာနိုင်ရန်အတွက် စင်္ကာပူနိုင်ငံသို့ သွားရောက်ပြီး ဆေးရုံတစ်ခုတွင် သူနာပြုဆရာမလေးအဖြစ် လုပ်ကိုင်ခဲ့ရာ ၃နှစ်ပြည့်သောအခါ အိမ်ပြန်ရန်ဆုံးဖြတ်ခဲ့ပေမယ့် ကပ်ရောဂါကြောင့် လမ်းများပိတ်ဆို့သွားခဲ့သည်။

မိန်းကလေးသည် ရောဂါကာလတွင်းဖြစ်နေပြီး အိမ်မှာပဲ နေချင်သော်လည်း စားဝတ်နေရေးရှိသေးတာကြောင့် အနားမယူရသေးပဲ လူနာတွေကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ရာ အလုပ်ဆင်းခဲ့ကာ အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရသည်။

ထို့နောက်၂နှစ်အကြာတွင် ကာကွယ်ဆေးထိုးပြီးနောက် သူမအရမ်းပြန်ချင်နေသည့် ဇာတိမြို့လေးသို့ လေယာဥ်စီးပြီး ပြန်ခွင့်ရခဲ့စဥ် ခရီးစဥ်တစ်လျှောက်လုံးကို အမှတ်တရအနေနှင့် မှတ်တမ်းတင် ဗီဒီယိုလေးရိုက်ကူးထားရင်း မိသားစုနဲ့ပြန်ဆုံတွေ့ရတော့မည့်ခံစားချက်လေးက အရမ်းကိုဝမ်းသာကြည်နူးဖြစ်ရ၍ မျက်ရည်များပင် ကျခဲ့ရကာ အခြားသော မိသားစုနဲ့ဝေးကွာသူများအဖို့လည်း အမြန်ဆုံးပြန်လည် ဆုံဆည်းနိုင်ရန် မျှော်လင့်မိကြောင်း ဆိုခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *