စိတ်ကောက်နေသော ဇနီးဖြစ်သူအတွက် လိုင်းပေါ်ကနေ ချစ်စဖွယ်ကောင်းသော ပင်ဂွင်းရုပ်လေးသုံးရုပ်ကို ဝယ်ယူလိုက်မိရာ ပစ္စည်းရောက်လာချိန်မှာတော့ ဇနီးသည်မှ ပိုပြီးစိတ်ဆိုးသွားရသည့်အဖြစ်

စိတ်ကောက်နေသော ဇနီးဖြစ်သူအတွက် လိုင်းပေါ်ကနေ ချစ်စဖွယ်ကောင်းသော ပင်ဂွင်းရုပ်လေးသုံးရုပ်ကို ဝယ်ယူလိုက်မိရာ ပစ္စည်းရောက်လာချိန်မှာတော့ ဇနီးသည်မှ ပိုပြီးစိတ်ဆိုးသွားရသည့်အဖြစ်

စင်္ကာပူနိုင်ငံမှ အိမ်ထောင်သည်အမျိုးသားတစ်ဦးသည် အမှားလုပ်ထား၍ ဇနီးဖြစ်သူမှ စိတ်ကောက်နေခဲ့ရာ စိတ်ဆိုးပြေစေရန်အတွက် မိန်းကလေးတွေအကြိုက်ဖြစ်သော ချစ်စဖွယ် ပင်ဂွင်းရုပ်လေးသုံးရုပ်အား လိုင်းပေါ်ကနေ ဒေါ်လာ၁၈၀ပေးပြီး ဝယ်ယူခဲ့သည်။

သို့သော်လည်း ပစ္စည်းရောက်လာချိန်မှာတော့ ထင်မှတ်ထားသလို ပင်ဂွင်းပေါက်ရုပ်သေးသေးလေးတွေမဟုတ်ပဲ ၁.၅မီတာအမြင့်ရှိသော အရုပ်ကြီးကြီးတွေဖြစ်နေကာ ဧည့်ခန်းရှိ စားပွဲတစ်ခုလုံးမှ အပြည့်ဖြစ်သွားသည်ထိ နေရာယူခဲ့သည်။

ထိုစဥ် ဇနီးဖြစ်သူသည် ထိုအရုပ်ကြီးကိုမြင်ပြီး အိမ်လေးကကျဥ်းရတဲ့အထဲ နေရာပြည့်ကျပ်သွား၍ သူမအမေအိမ်ကို ပြောင်းရွှေ့နေတော့မည်ဟု စိတ်တိုတိုနှင့်ပြောခဲ့၍ အမျိုးသားလည်း ထိုအရုပ်တွေကို လွှင့်ပစ်လိုက်ရမှာလည်း နှမြော၍ သူတို့ဇနီးမောင်နှံကို ကူညီသောအားဖြင့် အရုပ်လေးအား ပြန်ဝယ်ရန် တောင်းဆိုခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *