WFP နှင့် MRCS ပူးပေါင်းပြီး ရွှေပြည်သာ မြို့နယ်ရှိ အိမ်ထောင်စု ၂၅ဝဝ ကျော်အား ဆန်အိတ်များ ဝေငှ

ရွှေပြည်သာက အိမ်ထောင်စု ၂,၅၀၀ ကျော်ကို WFP နှင့် MRCS ပူးပေါင်းကာ ဆန်အိတ်ဝေ။ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်အမှတ်

(၂)၊ (၃) နှင့် (၄)တို့ရှိ အိမ်ထောင်စုပေါင်း ၂,၅၄၄ စုအား အိမ်ထောင်စု တစ်စုလျှင် ၅၀Kg ဆန် (၂၅ ပြည်နှုန်း) ဆန်အိတ်ပေါင်း ၂,၅၄၄အိတ်ကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS)နှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)တို့ပူးပေါင်းကာ ပေးအပ်ခဲ့ကြောင်း MRCSက ထုတ်ပြန်ထားသည်။

ဖြန့်ဝေသည့် အစီအစဉ်ကို ဇွန်လနှင့် ဇူလိုင်လအတွင်းကလည်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရပ်ကွက်များတွင်လည်း ပြုလုပ်ခဲ့သည်ဟုသိရသည်။

အခြား ကျန်ရှိသည့် ရပ်ကွက်များတွင်လည်း ဆက်လက်ဖြန့်ဝေရန် စီစဉ်နေကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *