လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ဆန်မရွေး ထုတ်ပိုးနေတဲ့ ပုံများကြောင့် မရွေးစားသုံးသူများ အော့နှလုံးနာခဲ့ရ

အစားအသောက်ဆိုသော အရာများကို ပြောဆိုရမည်ဆိုလျှင် အရင်ဦးစွာ သန့်ရှင့်သပ်ရပ်မှုကို အဓိကဆောင်ရွက်ကြရသည်မှာ အစားအသောက်လုပ်ငန်းတိုင်း၏ အခြေခံသဘောတရားပင်ဖြစ်ပေသည်။

သန့်ရှင်းသပ်ရပ်သော အစားအသောက်များကို ရောင်းချနိုင်မှသာလျှင် စားသုံးသူတို့အနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး စိတ်ချမ်းသာစွာ စားသုံနိုင်မှာဖြစ်ပါတယ်။

ယခုတွင် အင်တာနက်တစ်ခွင်တွင် ပျံနှံနေသောဆန်မရွေးမုန့်လုပ်ငန်းတစ်ခု၏ အလုပ်လုပ်ပုံများဟာ လူတိုင်းအတွက် စိတ်အနှောက်အယှက်ဖြစ်စေခဲ့ရပါတယ်။

လိုင်းပေါ်မှ ပုံများအရ ဆန်မရွေးများပြုလုပ်ရာတွင် ညစ်ပတ်ပေတေနေသောခြေထောက်များဖြင့် နင်းသွားနင်းလာလုပ်ပြီး အိတ်များထဲတွင် ထုပ်ပိုးပြီး ရောင်းချဖို့အတွက် ပြင်ဆင်နေခြင်းဖြစ်ပါတယ်။

နေရာဒေသတိုင်းရှိ စားသောက်ကုန်လုပ်ငန်းများဟာ သန့်ရှင်းသပ်ရပ်မှုကို ဦးစားပေပါစေဟု မျှော်လင့်မိပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *