တစ်ဦးတည်းသောသမီးလေးရဲ့ဒီကနေ့မှာကျရောက်တဲ့မွေးနေ့လေးကို သူမဖြစ်စေချင်တဲ့ ဆန္ဒလေးတွေနဲ့ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ မျိုးစန္ဒီကျော်

ပရိသတ်ကြီးရေမျိုးစန္ဒီကျော်ကတော့တစ်ခေတ်တစ်ခါကပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိထားပြီးထိပ်တန်းမင်းသမီးတစ်လက်အနေနဲ့ကိုအောင်မြင်မှုတွေရရှိခဲ့တဲ့အနုပညာရှင်တစ်ယောက်ပါ။

လက်ရှိမှာတော့အနုပညာအလုပ်တွေနဲ့အတူကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုပါလုပ်ကိုင်နေပြီးချစ်စရာကောင်းလှတဲ့သမီးလေးကိုပြုစုစောင့်ရှောက်ရင်းဘဝကိုအေးချမ်းစွာဖြတ်သန်းနေခဲ့ပါတယ်။

ဒီနေ့နိုဝင်ဘာလ(၉)ရက်နေ့လေးကတော့မျိုးစန္ဒီကျော်ရဲ့သမီးလေးမွေးနေ့ရက်မြတ်ကျရောက်တဲ့နေ့ရက်လေးပဲဖြစ်ပါတယ်။ဒီနေ့မွေးနေ့ရက်လေးမှာအသက်(၇)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။

မျိုးစန္ဒီကျော်ကတော့ဒီနေ့မှာမွေးနေ့ကျရောက်တဲ့သမီးလေးရဲ့မွေးနေ့အတွက်ကို“Happy Birthdayပါမေ့ချစ်သမီးလေးရေ (9.11.2021)မှာကျရောက်တဲ့သမီးလေးရဲ့(၇)နှစ်ပြည့်မွေးနေ့မှစပြီးမေ့သမီးလေးစိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ဘဝတလျှောက်လုံးအေးချမ်းပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ။

ကြုံလာသမျှလောကဓံကိုထက်မြတ်တဲ့အသိဉာဏ်ပညာနဲ့မေတ္တာတရားကိုအသုံးပြုပြီးကျော်လွှားနိုင်ပါစေ။အမှန်အမှားကိုဝေဖန်ပိုင်းခြားသိမြင်နိုင်ပြီးဘဝမှာကိုယ့်အားကိုယ့်ကိုးနိုင်တဲ့အပြင်အများပေါ်မှာလည်းကိုယ်ချင်းစာတရားနဲ့ပြည့်စုံတဲ့သမီးလေးဖြစ်ပါစေ။

မေမေ့အပေါ်မှာလည်းအရမ်းကိုသိတတ်နားလည်လွန်းတဲ့သမီးလေးကိုနောက်မွေးနေ့ပေါင်းမြောက်များစွာတိုင်အောင်မေမေစောင့်ရှောက်ခွင့်ရနိုင်ပါရစေ။သမီးလေးရေ။”ဆိုပြီးသမီးလေးနဲ့ပတ်သက်ပြီးသူဖြစ်စေချင်တဲ့စိတ်ကူးလေးတွေကိုဆန္ဒပြုရင်းသမီးလေးကိုမွေးနေ့ဆုမွန်ကောင်းတောင်းပေးထားခဲ့တာပဲဖြစ်ပါတယ်ပရိသတ်ကြီးရေ

Leave a Reply

Your email address will not be published. Required fields are marked *