ဗောဓိမြိုင်ဆရာတော်ဘုရားကြီးကို သင်္ကန်းနဲ့ ငှက်သိုက်တွေကပ်လှူခွင့်ရရှိခဲ့တဲ့ စံရတီမိုးမြင့်

စံရတီမိုးမြင့်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် မော်ဒယ်လ်မင်းသမီးချောလေးပဲဖြစ်ပါတယ်။

စံရတီမိုးမြင့်ကတော့ လူငယ်ပီပီလွတ်လွတ်လပ်လပ်နေထိုင်တတ်ပေမဲ့ ဘာသာရေးနဲ့ကုသိုလ်ရေးတွေမှာလည်း စိတ်အားထက်သန်လှတဲ့သူတစ်ယောက်ပါ။

စံရတီမိုးမြင့်ကတော့ ဒီနေ့ အောက်တိုဘာလ(၁၈)ရက်နေ့မှာ ဗောဓိမြိုင်ဆရာတော်ဘုရားကြီးကို သွားရောက်ဖူးမြှော်ခဲ့ကြောင်းသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

မနေ့က အောက်တိုဘာလ(၁၇)ရက်နေ့ကတည်းက စံရတီမိုးမြင့်ကဆရာတော်ကြီးသတင်းသုံးတဲ့ကျောင်းကိုရောက်ရှိနေခဲ့တာဖြစ်ပြီး တောထဲမှာအိပ်ရတာတွေကိုတောင်မမှုဘဲ

ဆရာ တော်ကြီးကို ဖူးမြှော်ချင်တဲ့ ဆန္ဒကအရမ်းပြင်းပြနေခဲ့တာကြောင့် အခုလို ဖူးမြှော်ခဲ့ရတဲ့အတွက် ကျေနပ်ပီတိဖြစ်နေခဲ့တာပါ။

ဆရာတော်ကြီးကိုလည်း သင်္ကန်းနဲ့ ဆရာတော်ကြီး အားရှိစေဖို့ ငှက်သိုက်တွေလည်း စံရတီမိုးမြင့်ကလှူဒါန်းခွင့်ရရှိခဲ့ပါသေးတ ယ်တဲ့။

ပရိသတ်ကြီးရေ ဆရာတော်ကြီးကို ဖူးမြှော်ချင်တဲ့ဆန္ဒလေးပြည့်ဝခဲ့တဲ့ စံရတီမိုးမြင့်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖူးမျှော်ခဲ့တဲ့ မှတ်တမ်းပုံလေးတွေကိုပါမျှဝေထားခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *