လက်ဆေးမျက်နှာသစ်ရန်အတွက် ပြုလုပ်ပေးထားသော ရေဆေးစင်တွင် ခြေထောက်ဆေးရန် ကြိုးစားခဲ့သောကြောင့် ဒုက္ခရောက်ခဲ့ရသည့် ကောင်မလေးတစ်ဦး၏အဖြစ်

လက်ဆေးမျက်နှာသစ်ရန်အတွက် ပြုလုပ်ပေးထားသော ရေဆေးစင်တွင် ခြေထောက်ဆေးရန် ကြိုးစားခဲ့သောကြောင့် ဒုက္ခရောက်ခဲ့ရသည့် ကောင်မလေးတစ်ဦး၏အဖြစ်

လက်တလောတွင် လူမှုကွန်ယက်ပေါ်တွင် အတော်လေးရေပန်းစားနေခဲ့သည်မှာ ကောင်မလေးတစ်ဦး၏ ရေဆေးစင်တွင် ပြုလုပ်ခဲ့သောအရာပင်ဖြစ်ပါတယ်။ကောင်မလေးဟာ ခပ်မိုက်မိုက်အဝတ်အစားနှင့်အတူ ဒေါက်မြင့်ဖိနပ်ကို စီးထားတာဖြစ်ပါတယ်။

ထို့နောက်တွင် သူမဟာ လက်ဆေးမျက်နှာသစ်ရန် ပြုလုပ်ထားပေးသော ရေဆေးစင်နားသို့ရောက်လာခဲ့ပါတယ်။

ရေဆေးစင်သို့ရောက်သောအခါ ကောင်မလေးဟာ သူ၏ခြေထောက်တစ်ဖက်ကို ရေဆေးစင်ပေါ်တင်ပြီး ခြေထောက်ဆေးဖို့ကြိုးစားခဲ့ပါတယ်။

ထိုအခါ ခြေထောက်တစ်ဖက်က ဒေါက်ဖိနပ်ကြောင့် ချော်လဲပြီး အတော်လေး နာကြင်သွားခဲ့ရတာဖြစ်ပါတယ်။ကောင်မလေး၏ မပြုလုပ်သင့်သော အဖြစ်လေးဟာ ချက်ချင်းပင် လိုင်းပေါ်တွင် လူပြောများလာခဲ့ပြီး တွေ့ရှိသူတိုင်း၏ ဝေဖန်ပြောဆိုခြင်းကို ခံနေခဲ့ရတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *