ပူဖောင်းအရုပ်လေးတွေကို လမ်းမပေါ်တွင် လိုက်လံရောင်းချပြီး ရိုးသားစွာ ဝင်ငွေရှာဖွေနေခဲ့သော်လည်း စာနာမှုမရှိဘဲ ကားဖြင့်ဖြတ်တိုက်ကာ အရုပ်တွေကိုပါ တက်ကြိတ်သွားသောကြောင့် ဝမ်းနည်းနေခဲ့ရသည့်ကောင်လေး

ပူဖောင်းအရုပ်လေးတွေကို လမ်းမပေါ်တွင် လိုက်လံရောင်းချပြီး ရိုးသားစွာ ဝင်ငွေရှာဖွေနေခဲ့သော်လည်း စာနာမှုမရှိဘဲ ကားဖြင့်ဖြတ်တိုက်ကာ အရုပ်တွေကိုပါ တက်ကြိတ်သွားသောကြောင့် ဝမ်းနည်းနေခဲ့ရသည့်ကောင်လေး

လူ့ဘဝထဲသို့ရောက်ရှိလာခဲ့ပြီဆိုပါက ငွေကြေးသည် အဓိကကျသောအရာတစ်ခုဖြစ်လာခဲ့ပြီး ငွေကြေးဖြင့် အရာရာကို တိုင်းတာနေသူများကို မြင်တွေ့လာရနိုင်ပါတယ်။

ထို့အပြင် ငွေကြေးချမ်းသာမှုကြောင့် ဂုဏ်မောက်နေပြီး အခြားသူများကို အထင်သေးနှိမ်ချစွာ ဆက်ဆံသူများလည်း ရှိနေကြပါတယ်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ လူငယ်လေးဟာ ရိုးသားစွာဖြင့် ပူဖောင်းအရုပ်လေးတွေကို လမ်းမထက်တွင် သွားလာရောင်းချနေခဲ့ပါတယ်။

နေရာတစ်ခုအရောက်တွင် ကားတစ်စီးကာ ကောင်လေးရှိနေမှန်းသိပြီး အရုပ်များဖြင့် မလွတ်မှန်းသိနေတာကို တမြင်ကားနောက်ဆုတ်ပြီး ဖြတ်တိုက်ကာ ပြုတ်ကျသွားသည့် အရုပ်တွေကို တက်ကြိတ်ပြီး မောင်းထွက်သွားခဲ့ပါတယ်။

ထို့ကြောင့် လူငယ်လေးဟာ အရုပ်အတွက် လျှော်ကြေးများစွာ ပြန်ပေးရတော့မှာဖြစ်သောကြောင့် ဝမ်းနည်းစွာကျန်နေခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *