ယနေ့ချင်းပြည်နယ်ထန်တလန်းမြို့အတွက် ဒေါ်လာ ၂၀၀၀၀ လှူဒါန်းပေးခဲ့တဲ့ အဆိုတော်ကျားပေါက်

နိုင်ငံကျော်အဆိုတော်ကျားပေါက်လက်နဲ့ရေးဆွဲထားတဲ့Doodle Artအိတ်၉လုံးကိုယနေ့ညရး၃၀အချိန်ကစပြီးမနက်ဖြန်နိုဝင်ဘာ၉ရက်ညရး၃ဝအချိန်ထိအိတ်ပိတ်တင်ဒါနဲ့ပန်ဆယ်လိုကရောင်းချနေပါတယ်။

အိတ်ရောင်းရငွေကနေရရှိတဲ့ငွေကြေးအားလုံးချင်းပြည်နယ်ထန်တလန်မြို့ပြည်သူတွေအတွက်ပေးလှူသွားမယ်လို့လည်းဖော်ပြထားပါတယ်။

အိတ်ဟာ၁၀အိတ်သာထုတ်လုပ်ထားပြီး၁အိတ်ကိုတော့Bipolar Bear Pageကနေမဲဖောက်ပေးမှာပါတယ်။

အိတ်ရဲ့ကြမ်းခင်းဈေးကိုဒေါ်လာ၅၀၀သတ်မှတ်ထားပြီးဝယ်ယူလိုပါကမိမိပေးနိုင်တဲ့အမြင့်ဆုံးဈေးနှုန်းကိုအိတ်နံပါတ်နဲ့အတူပန်ဆယ်လိုမေဆင်ဂျာကိုပေးပို့ရမှာဖြစ်ပါတယ်။ဈေးအမြင့်ဆုံးပေးတဲ့သူကိုနောက်ဆုံးနာရီတွင်သာကြေညာသွားမှာဖြစ်ပါတယ်။

တစ်နာရီအတွင်းမှာကမ်းလှမ်းလာသူ၃၀ကျော်ရှိပြီးအိတ်တစ်လုံးအတွက်ဒေါ်လာ၂၀၀၀အထိပေးဝယ်ချင်တဲ့သူတွေရှိကြောင်းသိရတယ်။

Leave a Reply

Your email address will not be published. Required fields are marked *