၅၀၅ က ကြိးဖြင့် မတရားအမှုဖွင့်ခံရခြင်းမှ ပြန်လည်လွတ်မြောက်လာခဲ့သော အနုပညာရှင်များ

၅၀၅ က ကြိးဖြင့် မတရားအမှုဖွင့်ခံရခြင်းမှ ပြန်လည်လွတ်မြောက်လာခဲ့သော အနုပညာရှင်များ

နွေဦးတော်လှန်ရေးတွင် ဆန့်ကျင်ဆန္ဒပြမှုများတွင် ပါဝင်ခြင်း လူမှုကွန်ရက်စာမျက်နှာကို အသုံးပြု၍ ဆန့်ကျင်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့် မတရားအရေးယူခံထားရသည့် အနုပညာရှင် ၂၄ ဦးနှင့် လူမှုကွန်ရက်တွင် လူသိများသူ (၁၀) တို့အား အမှုမှ ပိတ်သိမ်းပေးမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ယနေ့ အောက်တိုဘာ ၁၈ ရက်မှာ ၅၀၅ (က) ရုတ်သိမ်းပေးလိုက်သူ အနုပညာရှင် နှင့် Social influencer စာရင်းကို အခုလို ထုတ်ပြန်ထားခဲ့တာကိုလည်း တွေ့ရပါတယ် ။

အဆိုပါ အနုပညာရှင် ၊ ဖေ့ဘွတ်ခ် Influencer များမှာ အဆိုတော်ဖြူဖြူကျော်သိန်း ၊ ခင်ဝင့်ဝါ ၊ ညီထွတတ်ခေါင် ၊ နွယ်ဒါလီထွန်း ၊ ထက်အောင်ရှိုင်း ၊ ခေးဆက်သွင် ၊ မေ ..၊ ဒေါက်တာ မြဝတ်ရည် ၊ ဖြိုးဖြိုးအောင် ..အစရှိတဲ့ .. ၂၄ ဦး ကို အမှူ ရုတ်သိမ်းပေးခဲ့ကြောင်းလည်း သိရပါတယ် ။

အဆိုပါအမှုပိတ်သိမ်းခံရသူများအား ဒီကနေ့တွင် ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်းလည်း ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။ယခုလိုပြန်လည်လွတ်မြောက်လာခြင်းကြောင့် ပြည်သူများကလည်းထပ်တူ ဝမ်းသာနေခဲ့ရတာလည်း ဖြစ်ပါတယ်။

နိုင်ငံတစ်ဝှမ်းမတရားဖမ်းဆီးခံထားရသူအားလုံး ပြန်လည်လွတ်မြောက်ပြီး ပြည်သူတွေ လိုလားတောင့်တတဲ့ ဒီမိုကရေစီကိုလည်း အမြန်ဆုံးရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *