တပည့်လေးတွေကို သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ခြင်ကိုက်ခံရခြင်းမရှိလေအောင် စာသင်ခန်းထဲ၌ ခြင်ထောင်ကြီးထောင်ကာ စာသင်ခဲ့သော ဆရာမလေး

သွေးလွန်တုပ်ကွေးရောဂါသည် မိုးရာသီတွင် အဖြစ်များပြီး ခြင်များပေါက်ဖွားသည့်ကာလဖြစ်သည့်အတွက် ကလေးသူငယ်အများစုမှာ ခြင်ကိုက်ခံရပြီးနောက် ဖျားနာတတ်ကြကာ အခြေအနေဆိုးရွားပါက အသက်ပါဆုံးရှုံးတတ်ကြရသည်။

သို့ဖြစ်၍ ထိုင်းနိုင်ငံမှ ကျောင်းဆရာမလေးတစ်ဦးသည် တပည့်လေးတွေကို သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ရန်အတွက် ခြင်ကိုက်မခံရဖို့က အဓိကအရင်းအမြစ်ဖြစ်နေရာ စိတ်ကူးနည်းလမ်းတစ်ခုအား စဥ်းစားရမိခဲ့သည်။

ထို့ကြောင့် ဆရာမလေးသည် စာသင်ခန်းအတွင်း အပန်းရောင်ဇာခြင်ထောင်ကြီးတစ်လုံးအား ထောင်ကာ တပည့်လေးတွေကို အထဲမှာနေစေပြီး ပန်ကာလေးပါဖွင့်ပေးထားကာ ခြင်ကိုက်မခံရပဲ စာကိုကောင်းမွန်စွာ သင်ကြားစေနိုင်ခဲ့သည်။

တပည့်လေးတွေဧ။်ကျန်းမားရေးနှင့်ပက်သက်ပြီး ကောင်းမွန်သော အကြံဥာဏ်မျိုးနှင့် လုပ်ဆောင်ခဲ့ခြင်းဖြင့် ကျောင်းသားမိဘများမှ ဆရာမလေးအား သူတို့သားသမီးတွေကို ဂရုစိုက်ကြင်နာပေးခဲ့သည့်အတွက် ကျေးဇူးအထူးတင်ရှိကာ လူမှုအသိုင်းအဝိုင်းမှလည်း ချီးကျူးခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *