မိန်းကလေးဖြစ်ပြီး ခန္ဓာကိုယ်ပေါ်တွင် ရောင်စုံတက်တူးအပြည့်ထိုးထားတာကြောင့် စားသောက်ဆိုင်မှာ အစားထိုင်စားလို့မရပဲ မောင်းထုတ်ခြင်းခံခဲ့ရသော ဆရာဝန်မလေးဧ။်အဖြစ်

ယနေ့ခေတ်တွင် တက်တူးထိုးခြင်းကို အမျိုးသားများ သာမက အမျိုးသမီးတွေပါ ခန္ဓာကိုယ်ပေါ်တွင် အနုစိပ်တက်တူးထိုးရခြင်းတွေကို နှစ်သက်လာကြပြီး ပုံစံအမျိုးမျိုး ထိုးလာကြတာကို လက်ခံသည့်သူများရှိသလို ကဲ့ရဲ့ပြစ်တင်သည့် သူများလည်းရှိနေသေးသည်။

သို့ဖြစ်၍ သြစတြေးလျနိုင်ငံမှ အသက်၃၀အရွယ် မိန်းကလေးတစ်ဦးသည် ဆေးရုံတစ်ခုတွင် ဆရာဝန်မလေးအဖြစ် တာဝန်ထမ်းဆောင်နေပြီး တက်တူးထိုးရခြင်းကို နှစ်သက်ကာ အသက်၁၆နှစ်အရွယ်မှစ၍ ခန္ဓာကိုယ်ပေါ်တွင် တက်တူးထိုးပစ်ခဲ့သည်။

ဆရာဝန်မလေးသည် တက်တူးထိုးထားခြင်းဖြင့် ပတ်ဝန်းကျင်ဧ။် ခွဲခြားဆက်ဆံတာကိုခံရပြီး ခင်ပွန်းဖြစ်သူနဲ့အတူ စားသောက်ဆိုင်တစ်ခုတွင် အစားသွားစားခဲ့ရာတွင် ဆိုင်မန်နေဂျာမှ စားပွဲဝိုင်းသို့ လာရောက်ပြီး သူမရဲ့ ရှုပ်ထွေးလှသော တက်တူးတွေကြောင့် အခြားသူများကို စားမဝင်ဖြစ်စေသည့်အတွက် သူမအား ဆိုင်ထဲကနေ ထွက်သွားပေးရန် မောင်းထုတ်ခဲ့သည်။

ထို့အပြင် မိန်းကလေးသည် စတိုးဆိုင်တစ်ခုတွင် ဖိနပ်လေးဝယ်ဖို့သွားခဲ့ရာ တက်တူးကိုကြည့်ပြီး အစမ်းစီးကြည့်ခိုင်းမည့် ဆိုင်ဝန်ထမ်းများမှ သူမအား မမြင်ချင်ယောင်ဆောင်ပြီး အခြားသူများကိုသာ ဦးစားပေးပြီး လိုက်လံပြသပေးနေကာ အဖက်လုပ်ခြင်းမခံခဲ့ရကြောင်း ဆိုခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *