ညအချိန်ရောက်တိုင်း အိမ်ခြေမဲ့ ၂၅၅ ယောက်အတွက် လုံခြုံစွာအိပ်စက်အနားယူနိုင်ရန် တံခါးဖွင့်ထားပြီး နေရာချပေးတဲ့ ဘုရားကျောင်းတစ်ကျောင်း

ညအချိန်ရောက်တိုင်း အိမ်ခြေမဲ့ ၂၅၅ ယောက်အတွက် လုံခြုံစွာအိပ်စက်အနားယူနိုင်ရန် တံခါးဖွင့်ထားပြီး နေရာချပေးတဲ့ ဘုရားကျောင်းတစ်ကျောင်း

Louis Vitale အမည်ရှိ Father တစ်ဦးနှင့် Shelly Roder အမည်ရှိအမျိုးသမီးတို့အဖွဲ့အစည်းဟာ Gubbio Project ကို 2004 ခုနှစ်မှာ စတင်တည်ထောင်ခဲ့ကြပြီး အိုးမဲ့အိမ်မဲ့နေရသူများအတွက် အမိုးအကာများပံ့ပိုးပေးပြီး ၎င်းတို့အား လုံခြုံတဲ့နေရာမှာအိပ်စက်စေနိုင်ရန်အတွက် ဒေသဆိုင်ရာ ဘုရားကျောင်းများနှင့်ပူးပေါင်းကာ Gubbio Project ကိုတည်ဆောက်ခဲ့ကြပါတယ်။

Gubbio Project ကို SanFransisco ပြည်နယ်ရှိ St. Boniface ဘုရားကျောင်းမှာစတင်ခဲ့ပေမဲ့လည်း နောက်ပိုင်း အခြားမြို့များမှာကိုပါလှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။

အိပ်ရေးမဝခြင်းက အိမ်ခြေမဲ့များ ကြုံတွေ့နေရတဲ့ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး ၎င်းတို့နားခိုရာနေရာမှာအိပ်စက်ရန်အတွက်၎င်းတို့လုံခြုံတယ်လို့သတ်မှတ်လို့မရကြောင်းနှင့် ၎င်းတို့နားခိုရာနေရာကို အခြားသူလုယက်ခံရခြင်း (သို့) တိုက်ခိုက်ခံရခြင်းတို့ကိုကြောက်ရွံ့နေရတာကြောင့် ထိုနေရာမှာမအိပ်ချင်ကြကြောင်း အိမ်ခြေယာမဲ့များစွာက တင်ပြခဲ့ကြပါတယ်။

” ဘုရားကျောင်းကို အပတ်စဉ် နေ့စဉ်နေ့တိုင်း နံနက် 6 နာရီမှာစတင်ဖွင့်လှစ်ပြီး အပိုင်း ၃ ပိုင်းခွဲခြားထားပါတယ်၊ နေ့လည် ၁၂း၁၅ အချိန်မှာဆို အိုးမဲ့အိမ်မဲ့တွေကို ဘုရားကျောင်းရှိအရှေ့ဘက် 1/3 နှင့် ကျောဘက် 2/3 ကို အသုံးပြုအိပ်စက်အနားယူခွင့်ပေးပါတယ်၊ ပျမ်းမျှအားဖြင့် အိမ်ခြေယာမဲ့ ၂၅၅ ဦးဟာ စိန့်ဘိုနီဖီးဘုရားကျောင်းမှာ အိပ်စက်အနားယူနေကြတာဖြစ်တယ်၊

ဘုရားကျောင်းက လူတစ်ဦးချင်းစီကိုလည်း လုံခြုံစွာအိပ်စက်ခွင့်ပေးတဲ့အပြင် အိပ်ရေးဝဝအိပ်စက်ခွင့်လည်း ပေးထားပါတယ်၊ သူတို့က အိမ်ရှိသူတွေ ဝတ်ပြုကိုးကွယ်လာတဲ့အခါ နှင်ထုတ်ခံရဖို့မဟုတ်ဘဲ လူ့အဖွဲ့အစည်းရဲ့အနှစ်သာရ အစိတ်အပိုင်းတွေပါ ” လို့ အဖွဲ့အစည်းရဲ့ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

အခြားသောအသင်းတော်များကလည်း Gubbio Project ကဲ့သို့အလားတူအစီအစဉ်များကိုလိုက်နာဆောင်ရွက်ကြပြီး ယခုအခါ လိုအပ်သူများအတွက် လုံခြုံစိတ်ချရတဲ့နေရာအဖြစ် ၎င်းတို့ရဲ့ဘုရားကျောင်းများကိုကမ်းလှမ်းလာကြပါတယ်။

လန်ဒန်၊Ontario ရှိ Beth Emmanuel ဘုရားကျောင်းမှာ အေးချမ်းတဲ့ဆောင်းညတွေမှာ ၎င်းတို့ရဲ့တံခါးများကိုဖွင့်ထားပြီး အိုးမဲ့အိမ်မဲ့များအတွက် အအေးဒဏ်မှလွတ်မြောက်ရန်အတွက်လည်း ” ပူနွေးတဲ့စင်တာ” အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။

St. Andrew ဘုရားကျောင်းဟာလည်း ကနေဒါအစိုးရထံမှရန်ပုံငွေဖြင့် Niagara ရေတံခွန်မှာ အစီအစဉ်တစ်ခုကိုလုပ်ဆောင်နေပါတယ်။

Angela Peebles မှဖန်တီးထားတဲ့အဆိုပါပရောဂျက်မှာ” အိုးမဲ့အိမ်မဲ့နိုင်ငံသားတွေကို နွေရာသီမှာ လုံလုံခြုံခြုံနေနိုင်ရန် (သို့) အေးမြစေမဲ့ ၎င်းတို့လိုအပ်နိုင်တဲ့ဝန်ဆောင်မှုများကိုရယူနိုင်တဲ့နေရာသစ်တစ်ခုတည်ထောင်ရန် မျှော်လင့်ထားတယ် ” လို့ St. CatharinesStandard မှလည်းရေးသားထားခဲ့ပါတယ်။

New Jersey ရှိ Family Promise လို့အမည်ပေးထားတဲ့အခြားအစီအစဉ်တစ်ခုမှာလည်း အိုးမဲ့အိမ်မဲ့ဒုက္ခနှင့်ကြုံတွေ့နေရတဲ့မိသားစုများအတွက် ခိုလှုံရာနေရာပေးရန် ဒေသခံအသင်းတော်များနှင့်ပူးပေါင်းလုပ်ဆောင်နေပြီး တစ်ကြိမ်လျှင် မိသားစု ၅ စုအထိ ကူညီပေးဖို့လည်း စီစဉ်ထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *