ပထမဆုံးချိန်းတွေ့တဲ့ရက်မှာပဲ ဖုန်းထဲတွင်စားချင်တာစားလို့ပြောပြီး လက်တွေ့ကျ လမ်းဘေးအအေးဆိုင်သို့ ခေါ်သွားကာ နေကြာစေ့လေးတစ်ပန်းကန်နဲ့ အအေးသုံးခွက်ကိုသာ မှာယူခဲ့သည့်ကောင်လေး

ဗီယက်နမ်နိုင်ငံမှ အသက်၂၀ကျော်အရွယ် မိန်းကလေးသည် လိုင်းပေါ်ကနေ သဘောကောင်း အပြောချိုသော ချစ်သူကောင်လေးတစ်ယောက်နှင့် ချစ်ကြိုက်ခဲ့ရာ ၂လအကြာတွင် ကောင်လေးမှ အပြင်ချိန်းတွေ့ရန် တောင်းဆိုခဲ့သည်။

ကောင်လေးသည် ဖုန်းထဲတွင် ချစ်သူမိန်းကလေးအား စားချင်တာလေးတွေ ဝယ်ကျွေးပြီး သွားချင်သည့်နေရာလေးတွေ လိုက်ပို့ပေးမည်ဟု ဆိုခဲ့ရာ မိန်းကလေးမှ အပြင်မှာတွေ့ရန် လက်ခံခဲ့သည်။

သို့သော်လည်း ကောင်လေးသည် အပြင်မှာလည်းတွေ့ရော မိန်းကလေးမှ အိမ်ကဘားမှစားမလာ၍ ဗိုက်ဆာနေကာ စားသောက်ဆိုင်တစ်ခုတွင် ထမင်းကြော်လေးသွားစားရအောင်ဟုဆိုခဲ့ရာ သူသိတဲ့ဆိုင်လေးရှိတယ်ဆိုပြီး လမ်းဘေးအအေးဆိုင်တစ်ခုသို့ ခေါ်သွားခဲ့သည်။

ထို့နောက် မိန်းကလေးအတွက် ဆိုင်မှာရရှိသော နေကြာစေ့လေးတစ်ပန်းကန်နှင့် လိမ္မော်သီးဖျော်ရည် အအေးသုံးခွက်ကိုသာ မှာယူပေးခဲ့သည့်အတွက် မိန်းကလေးမှ အတော်လေး အံ့အားသင့်ခဲ့ရာ အိမ်ပြန်ချိန်၌ လမ်းခွဲစကားဆိုခဲ့တော့သည်။

Leave a Reply

Your email address will not be published. Required fields are marked *