သမီးလေး ချစ်စရာ ရယ်မောနေပုံလေးကို ပရိတ်သတ်ကြီးအတွက် မျှဝေပြသလာတဲ့ ဒေါက်တာ မြဝတ်ရည်

ချစ်လှစွာသော ပရိသတ်ကြီးရေ ဒေါက်တာမြဝတ်ရည် ကတော့ အရာရာကို ထက်မြတ်စွာဆုံးဖြတ်နိုင်ပြီး စကားပြောဆိုရာမှာ ကျွမ်းကျင်တာကြောင့် အမျိုးသမီးတော်တော်များများရဲ့ အားကျခြင်းကိုခံရတဲ့ အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။

သူမကတော့ ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်ပြီး သာယာပျော်ရွင်တဲ့ မိသားစုဘဝကိုပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ သူမကတော့ ဝေဖန်မှုတွေရှိပေမဲ့လည်း ဂရုမစိုက်တတ်သူပီပီ ရှေ့ဆက်လျှောက်ရမဲ့ယုံကြည်ချက်ပန်းတိုင်ကိုပဲ လျှောက်လှမ်းနေသူဖြစ်ပါတယ်…

သူမကတော့ ဝေဖန်မှုများစွာကို ခံထားရတာကြောင့်လည်း စိတ်ဓါတ်တွေကိုလည်း တင်းထားနိုင်ခဲ့သလို မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှာလည်း သူမရဲ့ အမှန်တရားကို မြတ်နိုးတတ်သူပီပီအစိုးရလုပ်ငန်းကို ရပ်ဆိုင်းဖို့အတွက် ဆရာဝန်တွေဖက်က စတင်ပြီး CDM လုပ်တဲ့အထဲမှာလည်း ဒေါက်တာမြဝတ်ရီ တစ်ယေက် အပါအဝင်ပဲဖြစ်ပါတယ်။

မကြာခင်ရက်ပိုင်းတုန်းကတော့ သူမရဲ့ အိမ်ဟောင်းကို စကစဆီကလူတွေ လာရှာတဲ့ကိစ္စကို ဖြေရှင်းလာခဲ့ပါသေးတယ်။ဒေါက်တာ မြဝတ်ရည် ကတော့ တိမ်းရှောင်နေစဉ်မှာပဲ သမီးလေးကိုမွေးဖွားခဲ့တာ ဖြစ်ပါတယ်နော်…

ဒီနေ့လေးမှာ‌ေတာ့ ဒေါက်တာက ချစ်စရာကောင်းတဲ့ သမီးလေးရဲ့ရီမောနေတဲ့ ပုံလေးကို Myday မှာတင်လာခဲ့တာ ဖြစ်ပါတယ်နော်.. ဒါ့ကြောင့်ဒေါက်တာကိုချစ်ကြတဲ့ ပရိတ်သတ်များလည်း ချစ်စရာကောင်းတဲ့ ဒေါက်တာရဲ့ သမီးလေးကိုလည်း ချစ်ပေးကြပါအုံးနော်…

Leave a Reply

Your email address will not be published. Required fields are marked *