နေ့စဉ် ကျောင်းဆင်းတိုင်း မောင်လေးတွေကိုဦးစားပေးကာ စက်ဘီးစီးစေပြီး မိခင်နဲ့အတူ ပြေးလွှားနေခဲ့တဲ့ အသက် 5 နှစ်အရွယ် ကလေးမလေး

ထိုင်ဝမ် Gia Nghia ခရိုင် Trung Hoa ရွာမှာ နေထိုင်တဲ့ အသက် 5 နှစ်အရွယ် Wu Wu အမည်ရှိကလေးမလေးမှာ မွေးချင်းသုံးယောက်ရှိပြီး သူမက အကြီးဆုံး ဖြစ်ပါတယ်။

သူမရဲ့ဖခင်ဖြစ်သူဟာ ရေပိုက်သမားတစ်ဦးဖြစ်ပြီး ယခင်က ဖခင်ဖြစ်သူက ဆိုင်ကယ်အစုတ်လေးဖြင့် သူမနှင့်သူမမောင်လေးတို့နှစ်ဦးစလုံးကို ကျောင်းကြိုပို့ပြုလုပ်ပေးခဲ့ပေမဲ့လည်း နောက်ပိုင်း ဖခင်ဖြစ်သူက အလုပ်များရှုပ်နေခဲ့တာကြောင့် မိခင်ဖြစ်သူက စက်ဘီးဟောင်းတစ်စီးဖြင့် သူမတို့ကိုကျောင်းကြိုတဲ့အလုပ်ကို စလုပ်လာခဲ့ပါတယ်။

ရွာသူရွာသားများက ကျောင်းဆင်းတိုင်း စက်ဘီးမောင်းနေတဲ့မိခင်ဖြစ်သူနဲ့အတူ ပြေးလွှားနေတဲ့ သန်မာတဲ့ဒီကလေးမလေးကို အမြဲမြင်တွေ့နေရပါတယ်လို့ ဆိုကြပါတယ်။

Wu Wu ဟာ ကျောင်းမှာ အချိန်အတော်ကြာ ပင်ပန်းနေခဲ့ပေမဲ့ သူမရဲ့မောင်လေးတွေအတွက်နေရာပေးဖို့အတွက် အမေဖြစ်သူနဲ့ အတူ စက်ဘီးစီးဖို့ ငြင်းဆန်ခဲ့ပါတယ်။

Wu Wu ရဲ့နေအိမ်နှင့်ကျောင်းက ၂ ကီလိုမီတာခန့် အကွာအဝေးရှိပြီး Wu Wu က နေ့စဉ် ကျောင်းဆင်းတိုင်း ၁.၃ မိုင် အကွာအဝေးဖြင့် ပြေးလွှားနေခဲ့တာဘဲဖြစ်ပါတယ်။ တကယ်တော့ သူမဟာ အားကစားတစ်ခုလို့သတ်မှတ်ပြီး လမ်းတွေပေါ်မှာ ပြေးရတာကိုနှစ်သက်ပုံရပါတယ်။

Wu Wu ရဲ့မိခင်ကလည်း သူ့သမီးရဲ့လုံခြုံရေးအတွက်စိုးရိမ်တာကြောင့် သူ့သမီးလိုက်မမီနိုင်အောင် စက်ဘီးကိုအမြန်မနင်းခဲ့သလို လမ်းဘေးရဲ့အလုံခြုံဆုံးဘက်မှာ ပြေးနေတဲ့ Wu Wu ကိုလည်း အဆက်မပြတ်လှည့်ကြည့်နေခဲ့ပါတယ်။

နောက်ဆုံးမှာ စက်ဘီးစီးနေတဲ့မိခင်ဖြစ်သူနဲ့ ညီအစ်ကိုနှစ်ယောက်တို့နဲ့အတူ ပြေးလွှားနေတဲ့ Wu Wu ရဲ့ဗီဒီယိုဟာ ကမ္ဘာတစ်ဝှမ်းရှိကြည့်ရှုသူတိုင်းရဲ့ သနားညှာတာမှုကိုခံခဲ့ရသလို လူအတော်များများက Wu Wu လေး ကျောင်းသို့သွားမယ့်ခရီးစဉ်ကို လွယ်ကူချောမွေ့စေဖို့အတွက် Wu Wu အား စက်ဘီးတစ်စီးလက်ဆောင်ပေးဖို့ကိုလည်း အလှူငွေများစုပေါင်းစုဆောင်းခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *