စစ်ဘေးရှောင် တိုင်းရင်းသားများစွာ အတွက် အသုံးအဆောင် ငွေကြေးနှင့် အစားအသောက်များ လှူဒါန်းပေးခဲ့တဲ့ မင်းသား ခန့်စည်သူ

သရုပ်ဆောင် မင်းသားကြီး ခန့်စည်သူကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်ရ ရှိထားတဲ့သူပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။

လတ်တလောမှာ ဆိုရင်လည်း လိုအပ်တဲ့နေရောတွေမှာ အလှူအတန်းတွေ ဆက်တိုက်ပြုလုပ် လှူဒါန်းနေတာကိုလည်းလေးစားစွာတွေ့ရပါတယ်။

အခုလည်းစစ်ရှောင်ဒေသက တိုင်းရင်းသားပြည်သူတွေအတွက် ခုလိုကာလမှာ အလိုအပ်ဆုံးသော အရာတွေကို လှူဒါန်းပေးခဲ့ပြန်ပါတယ်။

အလှူလက်ခံရရှိတဲ့ ပုံတွေနဲ့အတူ ”စစ်ရှော.င်ဒေသမှ တိုင်းရင်းသားပြည်သူများအတွက် စောင်များ၊ အနွေးထည်များ ၊အဝတ်အစားများ၊ စားသုံးကုန်များ၊Maskများနှင့် အလှူငွေတို့ကို လှူဒါန်းခဲ့ကြပါတယ်။

ချင်းပြည်နယ်အထိ စိတ်အားထက်သန်စွာ ကိုယ်တိုင်ကိုယ်ကျသွားရောက် လှူဒါန်းပေးမည့် ညီငယ်ဝေလုကိုလည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်။” ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *