ဘောကိုချစ်တယ်… မြတ်နိုးတယ်ဆိုပြီးဗီဒီယိုလေးတင်ပေးလာတဲ့ သင်းသင်း

ဘောကိုချစ်တယ်… မြတ်နိုးတယ်ဆိုပြီးဗီဒီယိုလေးတင်ပေးလာတဲ့ သင်းသင်း

အလှမယ်သင်းသင်းလို့ဆိုလိုက်တာနဲ့ ပရိသတ်တွေလည်း သိပြီးသားဖြစ်ကြမှာပါနော်.. သူမကတော့ မင်းသားဝေဠုကျော်နဲ့ ကတောက်ကဆ ဖြစ်ပြီးနောက်ပိုင်းမှာ‌တော့ ဝေဖန်မှုတစ်ချို့ကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်…

မကြာခင်ကာလတုန်းကလည်း သင်းသင်းဦးဆောင်တဲ့ပရိဟိတအဖွဲ့တစ်ခုနဲ့လည်းအဆင်မပြေမှုတွေ ဖြစ်လာခဲ့ပြီး သူမကိုယ်တိုင် စိတ်ညစ်မှုတွေနဲ့အတူ Live လွှင့်ပြီး ဖြေရှင်းလာခဲ့ပါသေးတယ်။

ခုလိုဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေအရမှာ့ လူတိုင်းဟာစီးပွားရေးတွေ ကျပ်တည်းကုန်ကြတာ ဖြစ်ပါတယ်နော်.. .. ကိုဗစ်ကြောင့်လည်း အောက်ဆီဂျင်လိုအပ်တဲ့နေရာတွေမှာလည်း သင်းသင်းကအောက်ဆီဂျင်တွေ ရှာပေးတဲ့ လုပ်အားဒါနတွေကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။

နောက်ပိုင်းမှာတော့ သင်းသင်းက သူမရဲ့လှုပ်ရှားမှုလေးတွေကို ဖေ့ဘုတ်စာမျက်နှာမှာ မတင်တော့ဘဲ Tiktok မှာပဲ တင်ပေးနေတာ ဖြစ်ပါတယ်။ ဒီနေ့လေးမှာလည်းသင်းသင်းက ဘောလုံးကန်နေတဲ့ဗီဒီယိုလေးကို ဘောကိုချစ်တယ်..ဘောကိုမြတ်နိုးတယ်ဆိုတဲ့ စာသားလေးတွေနဲ့အတူတင်လာခဲ့တာ ဖြစ်ပါတယ်နော်. .

သင်းသင်းကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ သူမရဲ့ဗီဒီယိုအောက်မှာ ကောမန့်တွေနဲ့ ချစ်စကားတွေ ပြောထားကြတာ ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း သင်းသင်းရဲ့ ဗီဒီယိုလေးကိုကြည့်ပြီးချစ်ပေးကြပါအုံးနော်…

Leave a Reply

Your email address will not be published. Required fields are marked *