” လမ်းဘေးခွေးလေးတွေအတွက်Dogs Food Box အလှူမှာလတိုင်းပါဝင်ခဲ့ပြီး ချစ်တဲ့ပရိသတ်တွေကိုလည်း ပါဝင်လှူဒါန်းဖို့ ဖိတ်ခေါ်တိုက်တွန်းခဲ့တဲ့ စံရတီမိုးမြင့်”

ပရိသတ်ကြီးရေ စံရတီမိုးမြင့်ကတော့ တစ်နေ့ထက်တစ်နေ့ပိုပိုလှလာတဲ့ မင်းသမီးတွေထဲက တစ်ယောက်ပါ။ Gymကိုလည်း ပုံမှန်ကစားကာ မင်းသမီးချင်းတောင်ပြန်လည်အားကျနေရတဲ့အဆီအပိုမရှိတဲ့အမိုက်စားခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသူပါ။

သူမကတော့ တိရစ္ဆာန်လေးတွေကိုချစ်တတ်သူတစ်ယောက်ဖြစ်ပြီး သူမအနေနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကိုလည်း မွေးမြူထားသူပါ။ဒီနေ့မှာတော့” အားလုံးလဲကူပေးကြပါဦးလို့…

ကိုယ့်အိမ် ကိုယ့်လမ်းမှာ ဒါလေးတွေလုပ်ပေးရင် ခလေးတွေ အစာရေစာပြတ်လပ်တဲ့ဒဏ် အနဲငယ်လျော့ပါးသွားမှာပါ..

နေရာလေးတွေလုပ်ပြီးရင်လဲ လိပ်စာလေးတွေနဲ့ တင်ပေးသွားမှာမို့ သွားရင်း လာရင်း လမ်းကြုံရင် အစာခြောက် နဲ့ရေလေးတွေဖြည့်ပေးကြပါဦးနော်..

ဒီအချိန်က တိလေးတွေအတွက်အရမ်းခက်ခဲနေတဲ့အချိန်မို့ စဉ်းစားပြီးလုပ်ကြတာပါ 🙏🏻🙏🏻🙏🏻”ဆိုတဲ့စာလေးနဲ့တိုက်တွန်းခဲ့တာပါ။

သူမကိုယ်တိုင်လဲ ပါဝင်အားဖြည့်ကာ လမ်းဘေးခလေးတွေအတွက်Dogs Food Boxကို တစ်လကို(၁၀)ခုနဲ့(၂၀)ကြားလိုအပ်တဲ့နေရာများကိုတပ်ပေးသွားမှာပဲဖြစ်ပါတာ်။ပရိသတ်ကြီးလည်းမွန်မြတ်လှတဲ့ သဲသဲရဲ့အလှူအတွက်သာဓုခေါ်ခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *