အာရုံကြောတော်တော်ထိခိုက်ကာ ညစဉ်ညတိုင်းခံစားနေရတဲ့ဝေဒနာတွေကို ရင်ဖွင့်ပြောပြလာတဲ့အောင်လေး ”

ပရိသတ်ကြီးရေ အောင်လေးကတော့ နှုတ်ခမ်းနီမလေးတွေအသည်းစွဲကြိုက်ကြတဲ့ မော်ဒယ်လ်မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ ချောမောသန့်ပြန့်တဲ့ရုပ်ရည်နဲ့ ထိုင်းမင်းသားတစ်ဦးလားလို့တောင်အထင်မှားရလောက်တဲ့ တကယ့်ကို ချောလွန်းတဲ့မင်းသားတွေထဲကတစ်လက်ပါနော်။

သရုပ်ဆောင်ရာမှာလည်းပီပြင်ကာ ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့တက်သစ်စမင်းသားတွေထဲက အလားအလာရှိတဲ့ သူတစ်ယောက်ဆိုလည်းမှားနိုင်မယ်မထင်ပါဘူး ။

အမြဲသူ့ရဲ့ပရိသတ် Fanတွေအပေါ်မှာလည်း ပွင့်လင်းဖော်ရွေကာ ပရိသတ်တွေအတွက်သူ့ရဲ့ ခံစားချက်နဲ့ လှုပ်ရှားမှုပုံရိပ်တွေကို လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလေ့ရှိသူပါ။

လက်ရှိမှာလည်း”အာရုံကြောကပုံမှန်မဟုတ်ဘူးအိပ်ရင်နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ဘဲ မြောမလိုဖြစ်နေတယ်ပြီးရင်အိပ်မပျော်ဘဲအိမ်မက်လိုလိုတွေဖြစ်တယ်ကျွန်တော်အာရုံကြောတော်တော်ထိသွားပြီ…

ပြီးရင်အကြောတွေလည်းလှုပ်မရသလိုဖြစ်တယ်”ဆိုတဲ့စာလေးနဲ့ သူ့ရဲ့လူမှုကွန်ရက်စာmy dayမှာဖော်ပြခဲ့တာပါ။ပရိသတ်ကြီးလည်း အောင်လေးအတွက် အားပေးစကားလေးပြောခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *