ထူးခန့်ကျော်ဆီမှာ ဆေးလာကုရင်း စေတီတည်ဖို့ အလှူငွေ(၃)သိန်းနဲ့ ဌာပနာဖို့ ပတ္တမြားကျောက်နီပါလှူခဲ့တဲ့ သရုပ်ဆောင်နေဒွေး

ထူးခန့်ကျော်ဆီမှာ ဆေးလာကုရင်းစေတီတည်ဖို့ အလှူငွေ(၃)သိန်းနဲ့ ဌာပနာဖို့ပတ္တမြားကျောက်နီပါလှူခဲ့တဲ့ သရုပ်ဆောင်နေဒွေး

ပရိသတ်ကြီးရေသရုပ်ဆောင်ထူးခန့်ကျော်ကတော့သူတတ်ကျွမ်းတဲ့ဆေးပညာနဲ့အားလုံးကိုအခမဲ့ကုသပေးနေတာဖြစ်ပါတယ်။ဒီနေ့မှာတော့သရူပ်ဆောင်ထူးခန့်ကျော်ဆီမှာနေဒွေးတို့သားအမိကဆေးလာကုရင်းအလှူကြီးလှူခဲ့ပုံကိုအခုလိုပြောပြလာပါတယ်။

အင်မတန်ကိုပဲသာဓုအကြိမ်ကြိမ်ခေါ်ဆိုလိုက်ရပေသည်ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင်မင်းသားချောလေးမောင်နေဒွေးတို့မိသားစုမှကျွန်တော်စေတီတည်ထားရာ၌ အလှူငွေ၃သိန်းကျပ်နှင့်ဌာပနာထည့်ရန်ပတ္တမြားကျောက်နီလေးများလှူဒါန်းမှု့ပြုလုပ်သွားခဲ့ပေသည်။

မင်းသားချောမောင်နေဒွေး၏မိခင်ကြီးရဲ့ထုံကျင်ကိုက်ခဲဝေဒနာများအားလည်း ပါရမီဖြည့်ကုသပေးခဲ့ရပြီးသက်သာမှု့များပါရခဲ့လို့အထူးပင်ဝမ်းသာပီတိဖြစ်ခဲ့ရလေသည်။

ညီလေးမောင်နေဒွေးတို့မိသားစုလှူဒါန်းမှု့အစုစုတို့နှင့်၇ရက်သားသမီးအပေါင်းသူတော်ကောင်းတို့ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြစေပြီး ကောင်းကျိုးလိုအင်ဟူသမျှပြီးပြည့်စုံစွာရရှိကြ၍ကပ်ကြီးသုံးပါးဘေးဆိုးကြီးတို့မှကင်းဝေးကြစေပြီးကိုယ်တွင်းကိုယ်ပရောဂါဟူသမျှပိန်းကြာရွက်ပေါ်တွင်ရေမတင်မှီသကဲ့သို့လွင့်စင်ပပျောက်ကြစေပြီးတနေ့တခြားစီးပွားလာဘ်လာဘများဒီရေလားသကဲ့သို့ကြီးပွားတိုးတက်ကြ၍အမျိုးများအားလုံးကျန်းမာလို့ချမ်းသာကြပါစေဆိုပြီးထူးခန့်ကျော်ကမျှဝေထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *