ကြိုးစားခဲ့တဲ့အရာတွေ ပြည့်စုံနေပြီမို့ ပျော်စရာတွေကိုဝေမျှလာတဲ့ မေပန်းချီရဲ့ဗီဒီယို

ကြိုးစားခဲ့တဲ့အရာတွေ ပြည့်စုံနေပြီမို့ ပျော်စရာတွေကိုဝေမျှလာတဲ့ မေပန်းချီရဲ့ဗီဒီယို

ပြည်သူချစ်oရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မေပန်းချီဟာဆိုရင် အမိုက်စားခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတဲ့အပြင် ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်အားပေးမှုကိုအခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်နော်.ဒီကိုဗစ်ရောဂါကပ်ဆိုးကြီးကို မေပန်းချီတို့သားအမိနှစ်ယောက်ကအလူးလည်းကိုရင်ဆိုင်အသက်လုနေရတာပဲဖြစ်ပါတယ်နော်။

လွန်ခဲ့တဲ့ရက်တွေတုန်းကလည်း မိခင်ဖြစ်သူအောက်ဆီဂျင်ရှုနေရင်း ပြုစုပေးနေတာ ဖြစ်ပါတယ်။

မေပန်းချီကတော့ မိခင် ကျန်းမာနေစဉ်ကာလမှာလည်း လိုလေးသေးမရှိရ‌အောင်ပြုစုသူဖြစ်ပြီး နေမကောင်းနေစဉ်မှာလည်း ကလေးလေးတစ်ယောက်လို ဂရုတစိုက်ပြုစုပေးတဲ့သမီးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

မိခင်အသက်ထွက်ခါနီးမှာလည်း မိခင်ကိုတရားအကြောင်းလေး ပြောပြပြီး မိဘကျေးဇူးကိုဆပ်နိုင်ခဲ့သူလေး ဖြစ်ပါတယ်။

မိခင်ကြီးဆုံးပါးသွားပြီးနောက်ပိုင်းမှာတော့ သူမတစ်ယောက်တည်း ရပ်တည်နေခဲ့ရင်း မနာလိုသူတွေဝမ်းသာမှာစိုးလို့လည်း တစ်ယောက်ထဲပျော်ချင်ယောင်ဆောင်နေရတယ်ဆိုတဲ့ အကြောင်းတွေကိုလည်း ရင်ဖွင့်ပြီးရေးသားထားခဲ့ဖူးပါတယ်။သူမဟာ ၃ထပ်တိုက်လေးနဲ့လေဟာပြင်လေးကိုတည်ဆောက်နေတာဖြစ်ပြီး ပြီးစီးလုနီးပါးဖြစ်နေပါပြီ။

သူမကိုချစ်တဲ့ပရိသတ်တွေကလည်း မေပန်းချီ ကိုယ်တိုင် အခက်အခဲများစွာဖြင့် ကြိုးစားတဲ့အရာလေးကိုကြည့်ပြီး ထပ်တူကြည်နူးနေရတာပါ။

ပရိသတ်တွေအတွက်လည်း ပန်းချီရဲ့ ချစ်စရာအိမ်ပုံစံvideo လေးကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *