နှစ်ဖက်မိသားစုက သဘောမတူခဲ့သလို ဝေဖန်ပြောဆိုမှုတွေခံခဲ့ရပေမဲ့ ယခုတိုင်ရွှေလက်မြဲနေဆဲဖြစ်တဲ့ ၇၁ နှစ်အရွယ်ဇနီးနှင့် ၁၆ နှစ်အရွယ်ခင်ပွန်း

အချစ်ဆိုသည်မှာ နားမလည်နိုင်ဆုံးအရာတစ်ခုပါဘဲ။ ထို့ကြောင့် အသက်ကွာဟချက်ကြီးမားတဲ့စုံတွဲများရဲ့ဇာတ်လမ်းများဟာ သဘောထားကွဲလွဲမှုများစွာကိုရရှိတတ်ပြီး ၎င်းတို့ တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်ကြတယ်ဆိုတာကို ဘယ်သူကမှ သဘောပေါက်နားမလည်ပေးတတ်ကြပါဘူး။

ဥပမာ ချစ်ခြင်းမေတ္တာက ချိတ်ဆက်ပေးခဲ့တဲ့ ဒီအထူးစုံတွဲလိုပါဘဲ။ အင်ဒိုနီးရှားနိုင်ငံ တောင်ဆူမတြား၌ လူတိုင်းသိကြတဲ့ စုံတွဲတစ်တွဲရှိပါတယ်။ ၎င်းစုံတွဲမှာ သတို့သား Selamat Riyadi (ယခု အသက် 20 နှစ်) နှင့် သတို့သမီး Rohaya (အသက် 75 နှစ်) တို့ဘဲဖြစ်ပါတယ်။ မိသားစုနှစ်စုရဲ့ကန့်ကွက်မှုများကြားမှပင် ၎င်းနှစ်ဦးတို့ဟာ ယခုတိုင် တစ်ဦးနှင့်တစ်ဦး ရွှေလက်တွဲထားဆဲဖြစ်ပါတယ်။

၎င်းတို့စုံတွဲဟာ ဒီဘဝမှာ လက်ထပ်ခွင့်မရခဲ့ရင် နောင်ဘဝအထိ လက်ထပ်ဖို့စောင့်နေမယ်လို့တောင် ကတိပြုထားခဲ့ကြပါသေးတယ်။ လွန်ခဲ့သည့်လေးနှစ်က အသက် 16 နှစ်အရွယ် Selamat Riyadi ဟာ အဘွား Rohaya ကို ရုတ်တရက်ချစ်မိသွားခဲ့ခြင်းကနေ အစပြုခဲ့ပါတယ်။

အဘွားကြီးမှာ အရင်က ခင်ပွန်းနှစ်ယောက်ရှိပေမယ့် အဆိုပါ ခင်ပွန်းနှစ်ယောက်လုံးက ကွယ်လွန်သွားခဲ့တာကြောင့် သူမက ကံဆိုးစေတယ်လို့ လူသိများပါတယ်။ ထို့ကြောင့် လူငယ်လေးရဲ့မိသားစုက အလားတူ ကံကြမ္မာကိုခံရမှာကို စိုးရိမ်နေခဲ့ကြပါတယ်။

သူတို့နှစ်ယောက်ဟာ ၄နှစ်ကြာအောင် အတူတူနေထိုင်ခဲ့ကြပေမယ့် ၎င်းတို့ငယ်ရွယ်တုန်းကလို ရိုးမသွားတဲ့ဆွဲဆောင်မှုရှိတဲ့အသွင်အပြင်ကို ထိန်းသိမ်းထားဆဲပါ။

Selamat ပင်လျှင် သူ့ဇနီးက အိမ်မှထွက်ခွာလိုသည့်အခါတိုင်း တံခါးကို သော့ခတ်ထားတတ်သလို ရွာထဲကဗလီသို့ သွားခွင့်လည်း တားမြစ်ထားတတ်ပါသေးတယ်။

ဒါတွေအားလုံးက အချစ်ကြောင့်ဖြစ်သလို ဆယ်ကျော်သက်ကောင်လေးဟာ သူ့ဇနီးက တခြားယောက်ျားတွေရဲ့သွေးဆောင်မှုကိုခံလိုက်ရမှာကို jealous ဖြစ်ပြီး ကြောက်လန့်နေတတ်ပါသေးတယ်။

မင်္ဂလာဆောင်ပြီးကတည်းက သူတို့နှစ်ဦးဟာ လူအများရဲ့အာရုံစိုက်မှုကို အမြဲရရှိခဲ့သလို လူတွေကလည်း သူတို့နှစ်ဦးက ဇနီးမောင်နှံအဖြစ် ဘယ်လိုနေထိုင်ကြမလဲဆိုတာကိုသိချင်နေခဲ့ကြပါတယ်။

Selamat ဟာ မင်္ဂလာညက ဘယ်လိုဖြစ်သွားတယ်ဆိုတဲ့ဇာတ်လမ်းတစ်ခုလုံးကိုပြန်ပြောပြဖို့လည်း မရှက်နေခဲ့ပါဘူး။ ဇနီးမောင်နှံနှစ်ဦးဟာ အတူတူ ကလေးယူချင်ပေမယ့် ဇနီးသည်က အသက် ၇၀ ကျော်နေပြီဖြစ်လို့ ကလေးမမွေးနိုင်တော့တဲ့အတွက် မဖြစ်နိုင်တော့ပါဘူး။

လတ်တလောမှာတော့ သူတို့ဇနီးမောင်နှံဟာ ၎င်းတို့ရဲ့အိမ်သေးသေးလေးမှာ ပျော်ရွှင်နေလျက်ရှိပြီး social media ပေါ်မှာ attention ရအောင် ချစ်ပြဟန်မဆောင်ဘဲ အရှိကိုအရှိတိုင်း နှစ်ဦးသား ပျော်ရွှင်စွာ နေထိုင်နေလျက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *