အိမ်အလုပ်တွေဝိုင်းလုပ်ပေးနေတဲ့ သမီးလေးရဲ့ဗီဒီယိုလေးကိုတင်ပေးလာတဲ့ စန္ဒီမြင့်လွင်

အိမ်အလုပ်တွေဝိုင်းလုပ်ပေးနေတဲ့ သမီးလေးရဲ့ဗီဒီယိုလေးကိုတင်ပေးလာတဲ့ စန္ဒီမြင့်လွင်

စန္ဒီမြင့်လွင်ကတော့ အသံပါဝါကောင်းကောင်းနဲ့အသည်းကွဲသီချငိးတွေကို လိုက်ဖက်ညီအောင် သီဆိုတတ်တဲ့အပြင် မြန်မာဇာတ်ကားတွေမှာလည်း ကျရာနေရာကနေ ပါဝင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခြင်းကို ရယူထားနိုင်သူလေးဖြစ်ပါတယ်။

အဆိုလည်းကောင်းသလို သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ သူမကတော့ ခုချိန်ထိကို ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားဆဲပါပဲနော်။

အနုပညာလမ်းကြောင်းမှာလည်း ပါရမီပါသူလေးဖြစ်သလို သူမအိမ်ထောင်ကျပြီး သမီးလေးတစ်ယောက်ရပြီးသည်အထိ သူမကို ချစ်ပေးကြတဲ့ ပရိသတ်တွေကလည်းအများအပြားပါပဲနော်.. စန္ဒီမြင့်လွင်ရဲ့သမီးလေး ခင်လင်းထင် (ထရက်ရှာ)လေး ကတော့ မွေးစ ကတည်းက ချစ်မွှေးပါတယ်လို့ ဆိုရလောက်အောင် ပရိသတ်တွေ ရဲ့ ခစ်ခင်မှုကို ရရှိထားတဲ့ ကလေးလေးပါ။

ပါးဖောင်းဖောင်းကစ်ကစ်လေးနဲ့ အသည်းယားစရာကောင်းတဲ့ သမီးလေးက စန္ဒီမြင့်လွင်နဲ့တစ်ထေရာတည်းတူတာကြောင့် သူမတို့ဇနီးမောင်နှံနှစ်ယောက်လုံးကတုန်အောင်ချစ်နေရတာ ဖြစ်ပါတယ် ။

အရွယ်နဲ့မလိုက်အောင် ချစ်စရာကောင်းလွန်း လှတာကြောင့်လည်း ပရိသတ်တွေကအချစ်ပိုနေကြရပါသေးတယ်။မမေစန္ဒီမြင့်လွင် ကလည်း လူမှုကွန်ရက် စာမျက်နှာကနေ သမီးလေးကို ချစ်တဲ့ ပရိသတ်တွေအတွက် ထရက်ရှာလေးရဲ့ ချစ်စဖွယ် အပြုမှုလေးတွေ ပြုလုပ်တဲ့အခါဗီဒီယိုရိုက်ပြီးအမြဲလိုလို မျှဝေလေ့ရှိပါတယ်။

အခုလည်း ချစ်ဖေဖေနားကို တစ်ချိန်လုံးကပ်ချွဲကာ အလုပ်တွေ ဝိုင်းကူပေးနေတဲ့ ထရက်ရှာလေးရဲ့ ဗီဒီယိုလေးကို ဝေမျှလာပါတယ် ။

ဗီဒီယိုလေးနဲ့ အတူ ” Stay home ကာလထရက်ရှာ့ဗီဒီယိုလေးတွေအမှတ်တစ်ရပြန်တင်လိုက်ပီ🥰 ကားရေးဆေးတယ် ကန်စွန်းရွက်ချွေတယ်နော် ကလေးက 😂 အဖေချစ်လားမချစ်လားတော့ဗီဒီယိုထဲသာကြည့်လိုက်တော့😏 😏 😏” လို မေမေ စန္ဒီမြင့်လွင်က ရေးသားထားရာ ချစ်စရာကောင်းလွန်းလို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *