မနက်မိုးလင်းတိုင်း သမီးငယ်လေးလုပ်တတ်တဲ့အရာလေးကိုဗီဒီယိုတင်ပေးလာတဲ့ ချမ်းချမ်း

မနက်မိုးလင်းတိုင်း သမီးငယ်လေးလုပ်တတ်တဲ့အရာလေးကိုဗီဒီယိုတင်ပေးလာတဲ့ ချမ်းချမ်း

အဆိုတော် ချမ်းချမ်းကတော့ အနုပညာလောကမှာ ဒိတ်ဒိတ်ကျဲ အောင်မြင်မှုတွေရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပြီး ပရိသတ်အားပေးမှုကိုလည်း များစွာရရှိထားတဲ့သူဖြစ်ပါတယ်။

ဆယ်စုနှစ်တစ်ခုကြာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့တဲ့ သူမကအချစ်သီချင်းတွေသာမကပဲ အဆွေးသီချင်းတွေကိုလည်းစိတ်ခံစားချက်အပြည့်နဲ့ သီဆိုလေ့ရှိတဲ့သူတစ်ယောက်ပါ။

အခုလိုအောင်မြင်မှုတွေရရှိခဲ့တဲ့ချမ်းချမ်းဟာ လက်ရှိမှာဆိုရင် ခင်ပွန်းသည်ရှိရာအီတလီမှာသွားရောက်နေထိုင်နေတာဖြစ်ပါတယ်။

ချမ်းချမ်းကတော့ မြန်မာပြည်မှာကျန်ခဲ့တဲ့ သမီးကြီးကိုလည်း လွမ်းနေရင်း သမီးငယ်လေးအပေါ်မှာလည်း အရမ်းကိုချစ်ပြီး အရိပ်တကြည့်ကြည့်နဲ့ ချစ်နေတာ ဖြစ်ပါတယ်နော်..

တစ်ခါတစ်လေမှာလည်း သမီးငယ်လေးရဲံချစ်စရာကောင်းတဲ့ ပုံလေးနဲ့ ဗီဒီယိုလေးတွေကိုလည်းပရိသတ်ကြီးအတွက် တင်ပေးနေကြဖြစ်ပါတယ်.

အီတလီမှာနေထိုင်နေပေမယ့် ချမ်းချမ်းက အခုလက်ရှိမြန်မာပြည်မှာတွေ့ကြုံခံစားနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအ‌တွက် တတ်နိုင်တဲ့ဘက်ကနေ တစ်တပ်တစ်အားပါဝင်ကူညီနေတာဖြစ်ပါတယ်။

..’ဒီနေ့လေးမှာတော့ ချမ်းချမ်းက “မနက်နိုးတာနဲ့သူ့အရုပ်တွေဆီ လက်ညိုးထိုးတာပဲ ❤ ❤ ❤ ❤” ဆိုပြီး ချစ်စရာဗီဒီယိုလေးကိုတင်ပေးလာတာဖြစ်ပါတယ်နော်.ချမ်းချမ်းတို့မိသားစု ကိုချစ်ကြတဲ့ ပရိသတ်တွေက ပိုပိုပြီးချစ်နေမှာအသေချာပါပဲနော်….

သမီးငယ်လေး ရဲ့ ဗီဒီိယိုလေးကို ​Cele World ပရိသတ်ကြီးလည်း ချစ်ပေးကြပါအုံးနော်…

Leave a Reply

Your email address will not be published. Required fields are marked *