“ရဲတိုက်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်များအတွက် သတင်းစကား”

သရုပ်ဆောင်ရဲတိုက် ဟာ တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူအမှန်တရားဘက်ကတစ်သား တည်းမားမားမတ်မတ်ရပ်တည်ပေးခဲ့ပါတယ်။လမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှယရဲရဲဝံ့ဝံ့အားတက် သရောပါဝင်ခဲ့တာကြောင့်အဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်၊ယနေ့ထက်ထိပြန်လည်လွှတ်မြောက်လာခြင်းမရှိသေးပါဘူးနော်။

သရုပ်ဆောင်ရဲတိုက်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ၁၆(ဂ) နှင့် နိုင်ငံတော်အ ကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားပြီးတရားစွဲဆိုခြင်းခံထားရပြီးအမှုရင်ဆိုင်နေရပါတယ်။မိသားစုများနဲ့ ပရိတ်သတ်များကစိုးရိမ်ပူပန်နေကြပါတယ်၊

အခုတစ်ခါမှာဆိုရင်တော့ရဲတိုက်နဲ့ပတ်သက်လို ဆာတိုရီ ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေး ပိုင်ရှင် ကိုမျိုးဇော် က သူရဲ့ လူမှုကွန်ယက်မှာ ဒီကနေ့ည (နိုဝင်ဘာ ၁၂ ရက်) မှာပရိသတ်တွေကိုအသိပေးပြောပြထားပါတယ်။

“ရဲတိုက်ကိုချစ်ခင်ကြတဲ့အနုပညာပရိတ်သတ်များကိုသတင်းစကားပါးချင်ပါတယ်။ရဲတိုက်ဟာ အင်းစိန်ထောင်အတွင်းမှာကျန်းမာရေးကောင်းမွန်လျက်ရှိပါကြောင်းအသိပေးအပ်ပါသည်။

၅၀၅က နှင့် ၁၆ ဂ နှစ်မှုကိုထောင်တွင်းတရားရုံးမှာစစ်ဆေးစီရင်ခံရလျက်ရှိပါသည်။ထောင်သိုပိုဆောင်သည့်နေ့မှယနေ့တိုင်မိသားစုနှင့်တွေ့ဆုံမြင်တွေ့ခွင့်မရရှိပါ။ထောင်မှလွတ်မြောက်ခြင်းမရှိသေးပါ။” လို ကိုမျိုးဇော်က ပြောပြတာပဲဖြစ်ပါတယ်။

ဖတ်ရှုပေးကြတဲ့ ပရိတ်သတ်ကြီးကိုလဲကျေးဇူးတင်ပါတယ်။ဖမ်းဆီးခ့ထားရတဲ့ သရုပ်ဆောင် ရဲတိုက်အတွက်အမြန်ဆုံးလွတ်မြောက်ဖို့ဆုတောင်းပေးခဲကြပါဉီးနော်

Leave a Reply

Your email address will not be published. Required fields are marked *