ဖေဖေ့ကို စိတ်ကောက်နေတဲ့ သားလေးကို ကြည့်ပြီး သဘောတွေကျစွာနဲ့ ဗီဒီယိုလေးရိုက်ကာ မျှဝေလာခဲ့တဲ့ ပိုးအိအိခန့်

ပရိသတ်ကြီးရေ မြန်မာ့လက်ရွေးစင်ဘောလုံးကစားသမားတစ်ယောက်ဖြစ်တဲ့ အောင်သူနဲ့ မင်းသမီးချောလေး ပိုးအိအိခန့်တို့ နှစ်ယောက်ကတော့ ရွှေလက်တွဲပြီး ပျော်ရွှင်သာယာတဲ့ မိသား စုဘဝလေးကိုပိုင်ဆိုင်ထားပါတယ်။

ချစ်စရာကောင်းလှတဲ့သားသားလေးတစ်ယောက်ကိုလည်း ပိုင် ဆိုင်ထားပါတယ်။

အောင်သူနဲ့ ပိုးအိအိခန့်တို့ သားသားလေးကတော့ လက်ရှိမှာ နှစ်နှစ်ကျော်အရွယ်ကို ရောက်ရှိနေပြီး နှစ်နှစ်သားလို့ မထင်ရလောက်အောင်ကို လည်ပြီးတတ်လွန်းလှတဲ့ ကလေးဖြစ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေခဲ့ရပါသေးတယ်။

ဒီနေ့မှာလည်း သားသားလေးကိုးကိုးက ဖေဖေအောင်သူကို မုန့်ခွံကျွေးတာ ဖေဖေကမစားဘူးဆိုလို့ စိတ်ကောက်ပြတဲ့ အသဲယားစရာအမူအရာလေးကို ကြည့်ပြီး မေမေပိုးအိအိခန့်က အသဲတယားယားနဲ့ ဖြစ်နေခဲ့ပါတယ်။

သားသားလေးရဲ့ လည်လွန်းတတ်လွန်းတဲ့ ပုံလေးကိုလည်း သားသားကိုချစ်တဲ့ ပရိသတ်တွေအတွက် ဗီဒီယိုလေးရိုက်ကူးပြီး မျှဝေလာခဲ့ပါတယ်။

ပရိသတ်ကြီးရေ မေမေပိုးအိအိခန့်မပြောနဲ့ ဘေးကကြည့်တဲ့သူတွေတောင် သဲကိုးလေးရဲ့ အမူအရာလေးတွေက ချစ်ဖို့ကောင်းလွန်းလှပြီး အသဲတယားယားဖြစ်စေတာတော့ အမှန်ပါပဲနော်။

Leave a Reply

Your email address will not be published. Required fields are marked *