ဇနီးဖြစ်သူကို ချစ်လွန်းသည့်အတွက် မျက်နှာပေါ်တွင် ဇနီးရဲ့ပုံတူအား တက်တူးထိုးခဲ့သည့် အမျိုးသား

အမျိုးသားတော်တော်များများသည် သူတို့ချစ်တဲ့သူနဲ့ တွေ့အခါ ထိုမိန်းကလေးတွေရဲ့ ပုံကို ရင်ဘတ်၊လက်မောင်းနှင့် နောက်ကျောတို့မှာ တက်တူးအဖြစ်ထိုးတတ်ကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက်၃၀အရွယ် အမျိုးသားတစ်ဦးသည် ဇနီးဖြစ်သူရဲ့ပုံတူကို မျက်နှာပေါ်တွင် တက်တူးထိုးကာ သူ့ရဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့အတွက်လည်း အကြိမ်ကြိမ် စဥ်းစားပြီးမှထိုးခဲ့တာဖြစ်ကြောင်း ဆိုခဲ့ပြီး လူမှုကွန်ယက်အသိုင်းအဝိုင်းမှ ရယ်စရာအဖြစ် သတ်မှတ်ခဲ့ကြသည်။

အမျိုးသားသည် သူ့ရဲ့ဇနီးအား မျက်နှာပေါ်တွင် တက်တူးထိုးမည်ဟု ပြောဆိုခဲ့သော်လည်း စနေတယ်ဟုထင်ကာ မယုံတာကြောင့် ရယ်ပဲရယ်နေရင်း သူငယ်ချင်းဖြစ်သူကလည်း မျက်နှာပေါ်မှာဖြစ်နေတဲ့အတွက် အခြားနေရာပြောင်းထိုးရန် အကြံပေးခဲ့သော်လည်း လက်ခံခဲ့ခြင်းမရှိပဲ ဇွတ်ထိုးပစ်ခဲ့ရာ အိမ်ပြန်ရောက်ချိန်မှ ဇနီးဖြစ်သူက လုံးဝထင်မှတ်မထားသည့်အတွက် ဝမ်းသာပျော်ရွှင်နေခဲ့သည်။

သို့သော်လည်း အမျိုးသားသည် လူမှုကွန်ယက်ပေါ်က အများရဲ့ ဝေဖန်ချက်များကို ခံနေရကာ အချို့ကျ ရန်ဖြစ်သည့်အခါ ဇနီးဖြစ်သူက သူ့ရဲ့ပါးကိုဘယ်တော့မှ ရိုက်မှာမဟုတ်တော့ပူးဟု ဆိုကြပြီး အချို့ကျတော့လည်း ကြင်နာတတ်ဆုံး ခင်ပွန်းအဖြစ် ချီးမွမ်းနေကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *