သားဖြစ်သူ အကျဉ်းကျနေတာကို နေမကောင်းဖြစ်နေတဲ့ အ‌မေ့ အား မပြောရက်လို့ ခရီးထွက်နေကြောင်းပြောထားတဲ့ ပိုင်တံခွန်ရဲ့အစ်မ

သရုပ်ဆောင်နဲ့ မော်ဒယ်လ်ပိုင်တံခွန်ကတော့ နွေဦးတော်လှန်ရေးခရီးစဉ်မှာ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

လက်ရှိမှာလည်း နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းထောင်ထဲရောက်ရှိနေတဲ့ ပိုင်တံခွန်ဟာ သူချစ်ရတဲ့ မိသားစုတွေ၊ ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်ဝေးကွာနေတာ လအတော်ကြာကြာမြင့်နေပြီပဲဖြစ်ပါတယ်။

ပိုင်တံခွန်ရဲ့မိခင်ကြီးကလည်း ကျန်းမာရေးမကောင်းသူတစ်ယောက်ဖြစ်ပြီး သားဖြစ်သူအကျဉ်းထောင်ထဲရောက်နေတာကို မိသားစုက အသိမပေးထားတာပဲဖြစ်ပါတယ်။

ပိုင်တံခွန်ကိုယ်တိုင်ကလည်း ကျန်းမာရေးမကောင်းတဲ့မိခင်အပေါ် သူ့ရဲ့အဖြစ်ကို အမှန်တိုင်းမပြောပဲ မုသားစကားဆိုခဲ့ကြောင်း “မြန်မြန်ပြန်လာပါတော့ ပိုင်.. နင့်ရဲ့ လေ့လာရေးခရီးစဉ်က အရမ်းကြာနေပြီလေ။ အမေလည်း မျှော်လှပြီ.. ပြန်လာသင့်နေပြီလေကွာ…” ဆိုပြီး အစ်မဖြစ်သူ မေချစ်သွေးက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရင်ဖွင့်ပြောလာပါတယ်။

ပိုင်တံခွန်ရဲ့မေမေကတော့ ပြီးခဲ့တဲ့လပိုင်းကပဲ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ နေမကောင်းခဲ့ပြီး လက်ရှိမှာလည်း ကျန်းမာရေးလုံးလုံးလျားလျားမကောင်းသေးတာမို့ မိသားစုနဲ့၊ ပိုင်တံခွန်က အခုလိုပဲ မုသားစကားဆိုထားရတာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *