သူတို့အဖေ မရှိတော့ပေမယ့် ကလေးတွေကို ပြည့်စုံအောင် ထားချင်တယ်ဆိုတဲ့ နန်းမြတ်ဖြိုးသင်း

သူတို့အဖေ မရှိတော့ပေမယ့် ကလေးတွေကို ပြည့်စုံအောင် ထားချင်တယ်ဆိုတဲ့ နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့ ခင်ပွန်းဖြစ်သူကွယ်လွန်သွားပြီးတဲ့နောက်မှာသားနဲ့သမီးအတွက်ကြံ့ကြံ့ခိုင်ရပ် တည်ရင်း နေ့ရက်တိုင်းကိုဖြတ်သန်းနေလျက်ရှိပါတယ်။ နန်းမြတ်ဖြိုးသင်းဟာ သားနဲ့သမီးအတွက်

အချိန်ပေးဂရုစိုက်ရင်း တဖက်မှာလည်း မိသားစုရဲ့အိမ်ထောင်ဦးစီးအဖြစ် အလုပ်တွေကြိုးစားလုပ်ကိုင်နေသူတစ်ယောက်ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ နန်းမြတ်ဖြိုးသင်းဟာ သားနဲ့သမီးကို ရေကူး ကန်လိုက်ပို့ရင်း သူမရင်ထဲကဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကို မျှဝေပေးလာပါတယ်။

နန်းမြတ်ဖြိုးသင်းက “ရေကျူးကျန်သွားချင်တယ်ဆိုပြီး ဂျက်ကလေးကပူဆာနေတာကြာပြီ။ အဲဒါပြီးခဲ့တဲ့ပိတ်ရက်ကမှ မဒီးဒီးတို့အိမ်ကိုလိုက်ပို့ဖြစ်တယ်။ကလေး ၃ယောက်လုံးပျော်လိုက်တာအရမ်းပဲ။

ဂျူးလေးကတော့ပထမဆုံးရေကူးဖူးခြင်းပါ။ ကလေးတွေအဖေမရှိတော့ပေမယ့် သူတို့လေးတွေကိုပျော်ရွှင်ပြည့်စုံတဲ့ဘဝလေးထားပေးချင်တယ် ။ ခုလိုသူတို့ပျော်နေတော့ သူတို့အပျော်လေးတွေကကိုယ်ပါပျော်စေပါတယ်။အားလုံးလဲပျော်ရွှင်ကြပါစေ” လို့ဆိုလာပါတယ်

နန်းမြတ်ဖြိုးသင်းရဲ့ ကလေးတွေအဖေမရှိတော့ပေမယ့် သူတို့လေးတွေကို ပျော်ရွှင်ပြည့်စုံတဲ့ဘဝလေးထားပေးချင်တယ်ဆိုတဲ့ ဆန္ဒစကားလေးဟာ ပရိသတ်တွေကို မျက်ရည်မလည်ပဲ မနေနိုင်စေခဲ့ပါဘူးနော်။

Leave a Reply

Your email address will not be published. Required fields are marked *