အရမ်းကိုချစ်မြတ်နိုးတန်ဖိုးထားရတဲ့ချစ်သူကောင်မလေးရဲ့မွေးနေ့လေးကို ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ စွမ်းဇာနည်

ပရိသတ်ကြီးရေမြန်မာ့ဇာတ်သဘင်လောကရဲ့အအောင်မြင်ဆုံးဇာတ်မင်းသားတွေထဲကတစ်ဦးအဖြစ်နဲ့ကပြဖျော်ဖြေရင်းအနုပညာလောကထဲကိုစတင်ဝင်ရောက်လာခဲ့သူစွမ်းဇာနည်ဟာသရုပ်ဆောင်လောကမှာလဲ ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာခေါင်းဆောင်မင်းသားအဖြစ်နဲ့ရိုက်ကူးအောင်မြင်ထားပါတယ်။

နောက်ပိုင်းသရုပ်ဆောင်မင်းသားအဖြစ်ကနေခနရပ်နားလိုက်ပြီးဇာတ်သဘင်လောကထဲပြန်လည်အားထည့်ပြီးမြန်မာ့ဇာတ်သဘင်စွမ်းရည်ကိုပြသလာခဲ့တာယနေ့အထိပါပဲ။

မိန်းကလေးပရိသတ်များစွာရဲ့အချစ်ကိုရယူပိုင်ဆိုင်ထားနိုင်ပြီးသရုပ်ဆောင်မင်းသားဘဝဖြစ်စေဇာတ်သဘင်မင်းသားဘဝဖြစ်စေအမြဲတမ်းလိုက်လံအားပေးတဲ့ခိုင်မာတဲ့ပရိသတ်ထုကြီးအမြဲရှိနေတာဟာစွမ်းဇာနည်ရဲ့အားသာချက်တစ်ခုပါပဲနော်။

ဇာတ်သဘင်တွေလည်းပြန်ကနေပြီဖြစ်တဲ့စွမ်းကတော့အောင်မြင်မှုလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီးအခုချိန်မှာပြန်လည်ရပ်နားထားတာပါ။

သူ့ရဲ့အချစ်ရေးဟာဆိုရင်လည်းပရိသတ်တွေကိုပွင့်ပွင့်လင်းလင်းချပြထားတာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ချစ်မြတ်နိုးတန်ဖိုးထားရတဲ့ချစ်သူလေးရဲ့မွေးနေ့ကို”HappyBirthdayထာဝရပျော်ရွှင်ပါစေ”ဆိုတဲ့စာလေးနဲ့ဆုတောင်းပေးခဲ့တာပါ။ပရိသတ်ကြီးလည်းစွမ်းရဲ့ချစ်သူမွေးနေ့အတွက်ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *