Pre Birthday ဆိုပြီး ပရိသတ်တွေဆီမှမထင်မှတ်ထားတဲ့ လက်ဆောင်ကြီးတစ်ခုရရှိလိုက်လို့ ပျော်ရွှင်နေတဲ့ သီဟအောင်

ပရိသတ်ကြီးရေလူကြမ်းသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ဦးကိုကိုဦးရဲ့ သားဖြစ်သူသီဟအောင်ကတော့ရွှေကြိုတစ်ယောက်အဖြစ်ကနေအနုပညာအလုပ်တွေကိုစတင်လုပ်ကိုင်နေခဲ့တဲ့ပရိသတ်အချစ်တော်တစ်ယောက်ပါ။

အမာခံပရိသတ်တွေအတော်အသင့်လည်းရရှိထားပြီးအောင်မြင်မှုတွေလည်းထိုက်သင့်သလောက်ရရှိနေပြီပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့သီဟအောင်ကသူ့ရဲ့အမာခံပရိသတ်တွေဆီကနေမကြာခင်အချိန်မှာကျရောက်မယ့်သူ့ရဲ့မွေးနေ့အတွက်မထင်မှတ်ထားဘဲမွေးနေ့အကြိုလက်ဆောင်ရရှိခဲ့ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာခဲ့ပါတယ်။

“Pre Birthdayတဲ့။ကျွန်တော့်ကိုအဲ့လောက်ထိဂရုစိုက်ပေးကြတာလားဗျာ။ဘာမှမဟုတ်သေးတဲ့သူတစ်ယောက်ကိုအခုထိချစ်ခင်အားပေးဂရုတစိုက်နဲ့မမေ့မလျော့မွေးနေ့အမှတ်တရလက်ဆောင်တွေကိုပို့ပေးကြလို့ရင်ထဲမှာတစ်မျိုးကြီးဘဲဗျာ။

အတိုင်းမသိဝမ်းနည်းသလိုလိုဝမ်းသာသလိုလိုလည်းခံစားရတယ်။ဒီ့ထက်ပိုပြီးမပြောတတ်တော့ဘူးဗျာ။အားလုံးကိုချစ်တယ်။“ဆိုပြီးပိုက်ဆံတွေနဲ့မွေးနေ့ကိတ်ပုံစံပြုလုပ်ထားတဲ့လက်ဆောင်ကြီးကိုသီဟအောင်ကအမာခံFanတွေဆီကနေလက်ဆောင်ရခဲ့တာပဲဖြစ်ပါတယ်ပရိသတ်ကြီးရေ။

Leave a Reply

Your email address will not be published. Required fields are marked *