ခြေထောက်မရှိတော့တဲ့ ခင်ပွန်းနှင့် ချောမောလှပတဲ့ဇနီးတို့ရဲ့ အားကျဖွယ် အချစ်ဇာတ်လမ်း

လွန်ခဲ့တဲ့ 2008 ခုနှစ် မေလ 12 ရက်ဟာ Guohong အမည်ရှိအမျိုးသားအတွက် မမေ့နိုင်သောနေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ ထိုစဉ်ကအသက် 18 နှစ်အရွယ် အထက်တန်းကျောင်းသားဖြစ်တဲ့ Guohong ဟာ 8.0 ဒီဂရီ ငလျင်လှုပ်ခတ်ပြီးနောက် သူနှင့် သူ့သူငယ်ချင်းများဟာ အတန်းထဲတွင် အပျက်အစီးများအကြားမှာ နစ်မြုပ်သွားခဲ့ပါတယ်။

ထိုနေ့မှာ တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်၊ Guohong ရဲ့မွေးရပ်မြေဖြစ်တဲ့ Beichuan Qiang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုမှာ ကြီးမားတဲ့ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။

၂ ရက်အကြာတွင် Guohong ကို ကယ်တင်နိုင်ခဲ့ပေမဲ့လည်း ကံမကောင်းစွာပဲ၊ ဒဏ်ရာပြင်းထန်မှုကြောင့် သူ့ခြေထောက်များကို ဖြတ်ထုတ်ပစ်ခဲ့ရပါတယ်။ ထိုအချိန်မှစ၍ Guohong ဟာ ခြေထောက်မရှိတဲ့ လူတစ်ယောက်ရဲ့ဘဝဖြင့် နေထိုင်လာခဲ့ရပါတယ်။

ထို့နောက် သူ့ဆရာဝန်ရဲ့အကြံပေးချက်အရ Guohong ဟာ ပြန်လည်ကောင်းမွန်ဖို့အတွက် ရေကူးလေ့ကျင့်မှုကိုစတင်ခဲ့ပြီး နောက်ဆုံးမှာတော့ မသန်စွမ်းအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ် 2 ခု ကိုရရှိခဲ့ပါတယ်။ 2013 ခုနှစ်မှာတော့ Guohong ဟာ အရေပြားမှတဆင့် ဖောက်ထွက်နေတဲ့အရိုးများကိုကုသရန် ဟောင်ကောင်သို့ ရောက်ရှိလာခဲ့ပါတယ်။

သူဒီမှာရှိနေစဉ်မှာ သူ့ရဲ့အနာဂတ်ဇနီးဖြစ်တဲ့ သူနာပြုဆရာမလေး Wo Simiao နဲ့ တွေ့ဆုံခဲ့ပါတယ်။ Guohong က ဆေးရုံမှာ နေ့တိုင်း သူ့ကို ပြုစုစောင့်ရှောက်ပေးတဲ့သူဖြစ်တာကြောင့် Wu ကို သဘောကျမြတ်နိုးသွားခဲ့ပါတယ်။

ထို့နောက် ၎င်းတို့နှစ်ဦးဟာ တဖြည်းဖြည်းရင်းနှီးလာကာ အွန်လိုင်းမှာ စကားစမြည်ပြောကြရင်း ချစ်ခြင်းမေတ္တာတွေ တိုးလာခဲ့ပါတယ်။

ထို့ပြင် Wu အပေါ်ထားရှိတဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာနှင့်သစ္စာစောင့်သိမှုကိုဖော်ပြရန်အတွက် Guohong ဟာ သူ့ရဲ့စိတ်ခံစားချက်များကိုမှတ်သားထားရန် မီတာ ၁၀၀ ရှည်တဲ့စာရွက်တစ်ရွက်ကိုဝယ်ယူကာ ၎င်းစာရွက်ပေါ်တွင် လေးနှစ်ကြာအောင် ကဗျာပေါင်း ထောင်ချီကျော်ကိုရေးသားထားခဲ့ပါတယ်။

ထို့အပြင်၊ Guohong ဟာ ရှေးယခင်က တရုတ်တို့၏ရိုးရာဓလေ့ထုံးတမ်းစဉ်ဆက်ဖြစ်တဲ့ ဝါးချောင်းများပေါ်ကိုလည်း ကဗျာများစွာ စုစည်းရေးသားထားခဲ့ပါတယ်။

ရလဒ်အနေဖြင့် Guohong ဟာ 2015 ခုနှစ်မှာ Paralympic ကစားပွဲအပြီးတွင် သူ့ရဲ့ချစ်သူ Wu အား အဆိုပြုရန်ဆုံးဖြတ်ခဲ့ပြီး ၎င်းတို့နှစ်ဦးဟာ 2016 ခုနှစ်မှာ လက်ထပ်ထိမ်းမြားရန် မှတ်ပုံတင်ခဲ့ကြပါတယ်။

Guohong နှင့် Wu တို့ဇနီးမောင်နှံတို့လည်း ယနေ့တိုင် တစ်ဦးနှင့်တစ်ဦး မလျော့သောချစ်ခြင်းမေတ္တာတွေနဲ့ အတူရှိနေမယ်လို့မျှော်လင့်မိပါတယ်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *