သူမရဲ့ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ တာဝန်ယူစိတ် မရှိတဲ့ ယောက်ျားယုတ်တွေ အကြောင်း ပြောပြလာတဲ့ အဆိုတော် အေသင်ချိုဆွေ

အဆိုတော် တစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင် တစ်ယောက်လည်းဖြစ်တဲ့ အေသင်ချိုဆွေကတော့ အမြို့မြို့ အနယ်နယ်မှာ အားပေးသူ ပရိသတ် အခိုင်အမာရရှိပြီးသား အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။

အောင်မြင်တဲ့အနုပညာရှင်တစ်ယောက် ဖြစ်သလို တစ်ဖက်မှာလည်း သမီးလေး Ivy ရဲ့ မိခင်တစ်ယောက်လည်းဖြစ်တဲ့ အေသင်ချိုဆွေက ပရိသတ်တွေနဲ့ မိသားစု အကြားမှာ အချိန်တွေကို သင့်တင့်မျှတအောင် ခွဲဝေလှုပ်ရှားနေသူ တစ်ယောက်ဆိုလည်း မမှားပါဘူး။

ဒီကနေ့မှာတော့ အေသင်ချိုဆွေက ဖေ့စ်ဘုတ်စာမျက်နှာမှာတွေ့ရတဲ့ ပြဿနာတစ်ခုနဲ့ပက်သတ်ပြီး သူမရဲ့အတိတ်ကဖြစ်ရပ်နဲ့ ယှဉ်ပြီး သတိပေးလာတာကို တွေ့ရပါတယ်။ “

အကျင့်မကောင်းတဲ့ ယောကျာ်းက အစကတည်းက သူ့ငြင်က ပါလာပြီးသား၊ ကိုယ်ဘယ်လောက်ချစ်ချစ် ဘယ်လောက် ဆွဲထားထား အလကားပဲ၊ပေါ့ပျက်ပျက်နဲ့ ပြီးရင်အထက်ဆီးက၊ အကျင့်ကောင်းပြီး ကိုယ့်ကို တကယ်တန်ဖိုးထားပြီး ချစ်တဲ့ ယောကျာ်းကလည်း အစတည်းကကို ချစ်တာ၊ ဘယ်သူမှ တကူးတကနားချ နေစရာမလိုဘူး။

ကိုယ့်ကို အမြတ် တနိုးနဲ့ကို လိုချင်တာ။ ကိုယ်လည်း အခုမှ သိတာပါ ဒါတွေကို ဒီ post လေးဖတ်ပြီးတော့ အတိတ်ကိုတောင် တဖြတ် ပြန်မြင်ယောင်မိတယ်။ ပြောချင်တာက ကိုယ်က play ချင်ရုံသက်သက်ပဲ တာဝန်ယူလိုစိတ် မရှိရင် ကိုယ်နဲ့ တူရာကိုပဲ ရှာပြီး Play ပါ။

တကယ်ချစ်တတ်တဲ့ သူတွေ ကျတော့ အရမ်းခံစားရတယ် အရမ်းနာကျင်ရတယ်၊ အဲ့တော့ မလုပ်ပါနဲ့ (ယောကျာ်းလေးရောမိန်းကလေးရော)၊ ကိုယ်ချင်းစာစိတ်မွေးကျပါ။ တဖက်လူ ထိခိုက်နစ်နာအောင် မတရားလုပ်ခြင်းကြောင့် ရလာတဲ့ အကျိူးဆက်က ဒါတွေပဲ၊ဝဋ်မှာ အမြဲ ငရဲမှ အပ ဆိုတဲ့ အတိုင်း ဝဋ်ကလည်း ဒီဘဝတင် Heavy လည်တာပါ။

မယုံမရှိနဲ့ ။” ဆိုပြီး ပြောလာ တာဖြစ်ပါတယ်။ အေသင်ချိုဆွေကလည်း သူမကိုယ်တိုင် သမီးလေး Ivy ကို တာဝန် ယူစိတ်မရှိတဲ့လူနဲ့ ဆုံတွေ့ခဲ့ရပြီး အခုအချိန်ထိ Single Mother အဖြစ် ရဲရဲဝံ့ဝံ့ ရပ်တည်နေ တာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *