နောက်ကွယ်ကနေ အကွက်ချပြီး တမင်ယုတ်မာနေသူက ကိုယ့်လောကသားချင်းမှန်း သိလိုက်ရလို့ အံဩဒေါသထွက်နေတဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်း

နောက်ကွယ်ကနေ ကြိုးကိုင်အကွက်ချစီစဉ်ကာ တမင်ယုတ်မာနေတဲ့လူက ကိုယ့်လောကသားချင်းဖြစ်နေတာမို့ အံ့သြ ဒေါသထွက်နေတဲ့ ဝိုင်းစုခိုင်သိန်း…

သရုပ်ဆောင်နဲ့ အဆိုတော်မလေး ဝိုင်းစုခိုင်သိန်းကတော့ ရုပ်ရှင်နယ်ပယ်မှာရော၊ ဂီတနယ်ပယ်မှာပါ နာမည်ပျက်မရှိပဲ ကောင်းသတင်းနဲ့သာ ကျော် ကြားသူတစ်ယောက်ဖြစ်ပါတယ်။

အနေအေးပေမယ့် အရာရာကိုပြတ်ပြတ်သားသားပြောဆိုလုပ်ကိုင်တတ်တဲ့ ဝိုင်းစုခိုင်သိန်းဟာ ဒီကနေ့မှာလည်း သူမရဲ့ဖေ့စ်ဘုတ်အကောင့်ကနေပြီး ကိုယ့်လောကသားအချင်းချင်း ထဲ က နေပဲ နောက်ကွယ်ကနေ ကြိုးကိုင်အကွက်ချစီစဉ်ပြီး ယုတ်မာခံခဲ့ရကြောင်း အခုလိုပဲ ပြောလာပါတယ်။

“ဪ လူတွေလည်းနော် တော်တော်ကြောက်ဖို့ကောင်းကြတယ်။ ရန်သူလားမိတ်ဆွေလား ဘယ်သူ့ဘယ်သူမှခွဲမရပါလား😒 ကိုယ့်လော က သား အချင်းချင်းထဲကပဲလေဆိုပြီး ကိုယ့်ကို သူနဲ့ဘာဖြစ်ထားလို့လဲလို့ လာလာမေးတာ တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် ပြောမယုံ ကြုံ ဖူးမှသိဆိုသလိုမျိုးပေါ့။

ကိုယ့်ကိုဒဲ့ရေးတော့ ကိုယ်လည်း ဒဲ့ပဲရေးတော့မယ်။ ကိုယ့်လူကပဲ အမြဲမှန်အမြဲကောင်းနေတာမဟုတ်ဘူးလို့ ဘယ်သူကမှ ဘယ်သူ့အကြောင်းကို အတိအကျမသိဘူး။ အဲ့တော့ နောက်တစ်ချိန်ကျမှ လာမတောင်းပန်နဲ့ Sorry ပါလို့ 😏😏 Ps. Page ရဲ့ နောက်ကွယ်က Admin သူရဲကောင်းကြီး 👋👊

ကိုယ့်အကြောင်း ကိုယ်ကိုတိုင်ကလွဲရင် ဘုရားပဲသိလိမ့်မယ် လိုက်ရှင်းပြနေစရာမလိုဘူး။ မျက်ရည်လည်း မခြူတတ်ဘူး။ မနာလိုလည်းမဖြစ်တတ်ဘူး သိဖို့😏 နောက်ကွယ်ကနေ ကြိုးကိုင်အကွက်ချစီစဉ်ထားတာ သိလိုက်ရတော့ ပိုပြီး ဒဲ့ရွံတယ်🤮🤧” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

ဝိုင်းစုခိုင်သိန်းကတော့ Page တစ်ခုရဲ့နောက်ကွယ်က Admin ဟာ ကိုယ့်လောကသားအချင်းချင်းထဲကဖြစ်နေတာကြောင့် ပိုမိုအံ့သြကာ စိတ်ဆိုးဒေါသထွက်နေတာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *