ဒီကနေ့ နိုဝင်ဘာလ(၁၅)ရက်နေ့မှာ မင်္ဂလာဦးဆွမ်းကျွေး အခမ်းအနားလေးကို ပျော်ရွှင်စွာကျင်းပခဲ့ကြတဲ့ သားဂန်းနဲ့ဘေဘီမောင်တို့စုံတွဲလေး

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်ေ တာ်တွေဖြစ်တဲ့ အဆိုတော်သားဂန်းနဲ့ ဘေဘီမောင်တို့ စုံတွဲလေးကတော့ ဒီနေ့ နိုဝင်ဘာလ (၁၄)ရက်နေ့မှာ မင်္ဂလာဦးဆွမ်းကျွေး ဧည့်ခံပွဲ အခမ်းအနားလေးကို ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဘေဘီတို့စုံတွဲလေးရဲ့ Pre Wedding ပုံလေးတွေရိုက်ကူးနေခဲ့တာကြောင့် ပရိသတ်တွေက သူတို့ နှစ်ဦးရဲ့ မင်္ဂလာပွဲလေးကို မျှော်လင့်နေခဲ့ကြပါသေးတယ်။

ဒီနေ့ နိုဝင်ဘာလ (၁၄)ရက်နေ့မှာတော့ အဆိုတော်သားဂန်းနဲ့ ဘေဘီတို့စုံတွဲလေးက သူတို့ရဲ့ မင်္ဂလာဦးဆွမ်းကျွေး အခမ်းအနားလေးကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှာရှိတဲ့ ရတနာအောင်မြေကျောင်းတိုက်မှာ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

ဘေဘီကလည်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မနေ့က ဆွမ်းကျွေးပွဲအခမ်းအနားလေးပြင်ဆင်နေတဲ့ ပုံလေးတွေကို မျှဝေထားရင်းမနက်ဖြန်အတွက်ရင်ခုန်စိတ်လှုပ်ရှားနေကြောင်းလည်း ဖော်ပြထားခဲ့ပါသေးတယ်။

ဘေဘီနဲ့ သားဂန်းတို့ရဲ့ ပရိသတ်တွေကတော့ လိုက်ဖက်ညီတဲ့စုံတွဲလေးရဲ့ ရွှေလက်တွဲတဲ့ မင်္ဂလာဦးဆွမ်းကျွေးပွဲလေးအတွက် ဂုဏ်ယူကြောင်း နဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်စေဖို့ ဆုမွန်ကောင်းတွေတောင်းပေးနေခဲ့ကြပါသေးတယ်။

ပရိသတ်ကြီးတွေလည်း ဘေဘီမောင်နဲ့ သားဂန်းတို့ရဲ့ မင်္ဂလဦးဆွမ်းကျွေးပွဲလေးအတွက် ဂုဏ်ပြုစကားေ လးတွေပြောပေးခဲ့ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *