သူ့ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကောလဟာလ သတင်းအမှားတွေ လွှင့်နေတဲ့ ဟန်ငြိမ်းဦးကို ဒဲ့မေးလိုက်တဲ့ အဆိုတော် အောင်လ

အဆိုတော်အောင်လကတော့ အသံအေးအေးလေးနဲ့ တေးသီချင်းတွေကို ကိုယ်တိုင်.ဖန်တီးရေးသား သီဆိုသူတစ်ဦးဖြစ် ပါတယ်။ ကိုယ်ပိုင်Music Bandတည်ထောင်ထားပြီး သီချင်းအသစ်များစွာကို လည်းပရိသတ်တွေကို ချပြနိုင်အောင်ကြိုးစားလျက်ရှိနေပါတယ်

ဒါ့အပြင် နွေဦးတော်လှန်ရေးမှာလည်း ပြည်သူတွေနဲ့အတူ ပါယဝင်ပူးပေါင်းခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။ ဒီလိုပါဝင်ခဲ့ပေမယ့်လည်း စစ်ကောင်စီမှဖမ်းဆီးထောင်ချတဲ့အခါမှာ မိသားစုကိုငဲ့ညှာတဲ့ အနေနဲ့နိုင်ငံရေးမှာ မပါဝင်တော့ဘဲ အေးဆေးနေထိုင်ခဲ့ပါတယ် ။

ဒီလိုနေနေပေမယ့်လည်း စစ်တပ်ထောက်ခံအားပေးသူလို့ နာမည်.ကြီးနေ တဲ့ဟန်ငြိမ်းဦးမှ သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှတစ်ဆင့် အောင်လကိုထွက်ပြေးနေတယ်လို့ မဟုတ်မမှန်သတင်း လွှင့်နေခဲ့တာ ဖြစ်ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီး အောင်လ ရဲ့ Facebook အ‌ကောင့်တွင် ပြန်ဖြေရှင်းထားတာ ဖြစ်ပါတယ်။

”ငါ ကလော မှာပါဟ ဟန်ငြိမ်း”ဥ”ရေ၊ ထောပတ်သီးစားဦးမလား” ဆိုပြီး ထိထိမိမိပြောထားတာဖြစ်ပါတယ်။ပရိသတ်များကလည်း ဟန်.ငြိမ်းဦးရဲ့ ကောလဟလသတင်းတွေ အပေါ်ဒေါသထွက်နေကြတာဖြစ်ပါတယ်။ အားလုံးလည်း သတင်းအမှန် /အမှားကို သိရှိစေဖို့တင်ဆက် ပေးလိုက်ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *